ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း စကားများရာက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး မြင့်စိုး (ခ) စိုးငယ်ဆိုသူမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ ရာအိမ်မှူး ဝင်းကိုဆိုသူ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးကုသမှု ပြုလုပ်နေရတယ်လို့ မြဝ​တီမြို့ခံတွေဆီက သိရပါတယ်။
မြဝတီမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ ဖျူစောထီးအဖွဲ့ဝင်တွေ ဖြစ်ပြီး လက်နက်ကိုယ်စီ ကိုင်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်
“ဖြစ်ပွားခဲ့တာက မနေ့ညနေ ၅နာရီကျော်လောက်ကဆိုတော့ အောက်တိုဘာလ ၁၈ ရက်နေ့ပေါ့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ ပျူစောထီးတွေအချင်းချင်း စကားများပြီး သေနတ်ပစ်ခတ်မှုဖြစ်တာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆိုတော့ ဘယ်သူကမှ သိပ်စိတ်မဝင်စားဘူးလေ၊ တစ်ယောက်သေပြီးနောက်တ​ယောက်ကတော့ မသေသေးဘူး” လို့ မြဝတီမြို့ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ယောက် မောင်းသတင်းဌာနကို ပြောပါတယ်။
“သူတို့က သေနတ်ကိုယ်စီ ကိုင်ထားကြတာလေ၊ သူတို့ကို ဘယ်သူကမှ မော်မကြည့်ရဲဘူး၊ အခုက အချင်းချင်း အဝေမသင့်လို့နေမှာပေါ့၊ မြဝတီမြို့မှာက သေနတ်ကိုင်တာ သိပ်မဆန်းတော့ဘူးလေ၊ စစ်သားမှန်းမသိ ပြည်သူ့စစ်မှန်းမသိ၊ အခုကတော့ ပျူစောထီး အဖွဲ့ဝင်အချင်းချင်း ရာအိမ်မှူးလည်းဖြစ်ဆိုတော့ ပိုပြီးဆိုးတာပေါ့” လို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။
သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး သိပ်မကြာခင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ မြင့်စိုး (ခ) စိုးငယ်ဆိုသူရဲ့ ရုပ်အလောင်းကို မြဝတီမြို့ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ရင်ခွဲရုံကို ပို့ဆောင်လိုက်ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားတဲ့သူကိုလည်း ဆေးရုံက အရေးပေါ်ကုသဆောင် ပို့ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – သေဆုံးသူမြင့်စိုး (ခ) စိုးငယ်
0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅ဝ) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အသက် ၁၄ နှစ်အပါ ညီအစ်ကိုနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပေါ်တာဆွဲခံရလို့ အမေဖြစ်သူ အရူးမီးဝိုင်းဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက် အပါအဝင် လူငယ်အများအပြားလိုက်ပါလာတဲ့ ကားကို စစ်တပ်ရဲ့ စစ်ဆေးဂိတ်မှာ တားဆီးပြီး ကားပေါ်မှာပါလာတဲ့ လူငယ်တွေအားလုံးကို ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ထီးလင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက်က လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

မင်းတပ်မြို့တွင် အစုပြုံလိုက်ဗုံး (Cluster Bomb) များ အသုံးပြုကာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တိုက်နယ် အမှတ် (၁) အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
Read More

အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းအခြေစိုက် အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။