စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
အဲ့ဒီဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု့ကို ဆရာဒေါင်းဦးဆောင်တဲ့ ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၊Salingyi Special Task Force (SSTF)၊ ပုံတောင်တိုက်ဂါး PDF ၊ Eagle Wings Drone Force စတဲ့ တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သီတင်းကျွတ်ကာလ အထိမ်းအမှတ်နဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေကို ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ နေ့ရောညပါ တိုက်ခိုက်ခဲ့တာပါ၊ ပြည်သူတွေကို နေ့ရောညပါ အမျိုးမျိုး ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ်တွေကိုလည်းပြည်သူတွေခံနေရသလို သူတို့ကို ပြန်လည်ခံစားစေနိုင်ဖို့ လုပ်ဆောင်ခဲ့တာပါ” လို့ Eagle Wings Drone Force တာဝန်ခံ ကိုဇေယျာမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
“အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပြည်သူတွေကို ဗုံးကြဲချတိုက်ခိုက်နေသလို စစ်တပ်အပေါ်လည်း ဒရုန်းစစ်ဆင်ရေးတွေ အင်တိုက်အားတိုက်နဲ့ ဆက်လက်လုပ်ဆောင်နေမှာပါ၊ အခုလက်ရှိဖော်ဆောင်တဲ့ မစ်ရှင်မှာဆိုရင်လည်း Fixed Wings ဒရုန်းအမျိုးအစား ၃ စီးပျက်စီးဆုံးရှုံးခဲ့ပါတယ်၊ နောက်ထပ်မစ်ရှင်တွေ ထပ်လုပ်ဆောင်ဖို့ရာအတွက် ပြည်သူတွေအနေနဲ့လည်း ပါဝင်လှူဒါန်းအားဖြည့်ပေးစေချင်တယ်” လို့ ဒရုန်းတာဝန်ခံ ကိုဇေယျာမင်းက ဆက်ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဗျူဟာကုန်းကို လာချပေးတဲ့ ရိက္ခာတွေကို Eagle Wings Drone Force တော်လှန်ရေးတပ်ဖွဲ့က ရရှိခဲ့ပါသေးတယ်။
ပုံစာ – အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ပုံ
0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေ၊ ၂၂ ယောက်နဲ့အထက် ဒဏ်ရာရ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေပြီး ၂၂ ယောက်နဲ့အထက် ဒဏ်ရာရကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

NUG ရဲ့ စစ်ရေးဗျူဟာတွေကို အလေးထား လိုက်နာဖော်ဆောင်ဖို့ ယော PDF တပ်ဖွဲ့ဝင်တွေကို မှာကြား

အမျိုးသားညီညွတ်‌ရေးအစိုးရရဲ့ မူဝါဒတွေကို လိုက်နာပြီး စစ်ရေးအရ တိကျသေချာစွာ ဖော်ဆောင်နိုင်ဖို့ အရေးကြီး တယ်လို့ ယော ဗျူဟာ (၈၁)ရဲဘော်တွေကို ခရိုင်ကွပ်ကဲရေးမှူးက မှာကြားခဲ့ကြောင်း (၈၁) ယောဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းတပ်ကို အောက်တိုဘာလတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို​အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီး ၇၀ကျော်ကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်း ၇ မိုင် ကျေးရွာတွင် တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီက အဆက်မပြတ် လေကြောင်းတိုက်ခိုက်ကာ နှစ်ဖက်ကျဆုံးမှုများရှိနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ငလျင်ကြောင့် နေပြည်တော်တွင် စစ်ရုံးချုပ်အပါအဝင် ထိခိုက်ပျက်စီးမှုများပြား။ ဌာနဆိုင်ရာရုံးတချို့ကို ရန်ကုန်မှာ ပြောင်းလဲဖွင့်လှစ်မည်ဟု ဆို

မတ်လ ၂၈ ရက်နေ့မှာ ပြင်းထန်စွာလှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ဘက်နဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေ အကြီးအကျယ် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပြီး၊ အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်ရှိ ဌာနဆိုင်ရာရုံးတချို့ကို ရန်ကုန်မြို့မှာ ပြောင်းရွေ့ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ နေပြည်တော်နဲ့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။
Read More

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေးမှာ အောင်မြင်ခဲ့တဲ့ နှစ် ဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုး ညွှန်းဆို

“တော်လှန်ရေးကို စတင်မယ်လို့ပြောထဲက ဒီနေ့အထိ ကျွန်တော်တို့ရဲ့ အောင်မြင်မှုဟာ တစ်ရက်လေးမှနောက်ပြန်မလှည့်ခဲ့ဘူး လက်လျှော့ အရှုံးမပေးခဲ့ဘူး ဒါဟာတော်လှန်ရေးမှာ နေ့စဉ်အောင်မြင်နေခြင်းပဲ အထူးသဖြင့်ပြောရမယ်ဆိုရင်တော့ ဒီ ၂၀၂၄ ဟာ အောင်မြင်တဲ့နှစ် Victory Year လို့တောင်ပြောရမှာ ဖြစ်ပါတယ် “လို့ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။