မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုင်းကျေးရွာသို့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက စစ်ကြောင်း ထိုးလာပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အင်ပင်ရွာ အထိုင်ချထားပြီး ကိုင်းကျေးရွာရှိ ပြည်သူတွေကို သတ်ဖြတ်ဖို့ ထပ်မံထွက်လာချိန် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကြောင်းပြန်လည်လှည့်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Cobra One ၊ BaNyein တပ်ဖွဲ့ ၊ The Red Revolters နဲ့ Young Force – UG တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Myingyan Black Tiger ရဲဘော်တွေရဲ့ “ဗရုတ်သုက္ခ သင်္ကြန်သံချပ်” (ရုပ်/သံ)

မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း - Myingyan Black Tiger (MBT) ရဲဘော်တွေက တော်လှန်သင်္ကြန်သံချပ်ကို မိဘပြည်သူများအား ယခုလိုပဲ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ၇ ရက်တာအတွင်း ဒရုန်းနဲ့ ဗုံးသီး ၃၂ လုံးကြဲချတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်းက မင်္ဂလာပျူစခန်း၊ ပန်းရံပျူစခန်း၊ သီးလုံးပျူစခန်း၊ ဆိပ်ခွန်စခန်းနဲ့ မင်းကုန်း စစ်တပ်အထိုင်စခန်းတွေကို ၇ ရက်တာအတွင်း ဗုံးသီး ၃၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ HG FIGHTERS-Shwe Bo အဖွဲ့ထံက သိရပါတယ်။
Read More

Myingyan Black Tiger ရဲဘော်များမှာ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေ အလင်းဝင်ကြဖို့ အသိပေး (ရုပ်/သံ)

''ကျနော်တို့ ကျားမဲတွေလာပြီ။ တပ်ပေါင်းစုဖွဲ့ပြီးကျားမဲတွေလာပြီ။ စကစဘက်က အမြန်အလင်းဝင်ဖို့လိုတယ်။ လူ့ဂုဏ်သိက္ခာအရအသက်ရှင်ခွင့်ရမယ်။ တပ်ပေါင်းစုနဲ့ကျားမဲတွေချီတက်လာတော့မယ်။ ကျားမဲတွေမဟာမိတ်တွေနဲ့ လာပြီ''လို့ MBT တပ်ဖွဲ့က ဆိုပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း စစ်သား ၂၂ ဦး ဖမ်းဆီးမိပြီး ၇ ယောက် သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၂ ယောက် ဖမ်းဆီးမိပြီး ၇ ယောက်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ် လို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်မြေပြင်က ပြန်လာတဲ့ PLA ရဲဘော်တွေကို ဒေသခံပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်မြေပြင်ကနေ အောင်ပွဲနဲ့ ပြန်လာကြတဲ့ PLA ရဲဘော်တွေကို အညာဒေသခံပြည်သူတွေက 'ပြည်သူရင်ဖွား ပြည်ချစ်သား' ဆိုပြီး အော်ဟစ်ကြိုဆိုနေတဲ့ ရုပ်သံဖိုင်တစ်ခု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA က ထုတ်ပြန်လိုက်ပါတယ်။
Read More

နေပြည်တော် ခြောက်အိမ်စုရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို KNDO နဲ့ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု တပ်ရင်းမှူးဒုဗိုလ်မှူးကြီးအပါအဝင် ၈ ယောက်သေဆုံး (ရုပ်/သံ)

နေပြည်တော် ပျဉ်းမနားမြို့နယ် ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ကို နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက KNOD နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၈၄ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အပါအဝင် စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ KNDO တပ်ခွဲ ၄ထံက သိရပါတယ်။