ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်နေတဲ့ (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အရေးကြီးအဆို တင်သွင်းတဲ့ကဏ္ဍမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညီလာခံအတွင်း “Response by parliamentarians to the urgent plea by the UN Secretary-General to recommit to multilateralism for global peace, justice and sustainability” ခေါင်းစဉ်နဲ့ အရေးကြီး အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။
နိုင်ငံတကာ ပါလီမန်များညီလာခံကို CRPH က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်စဉ် အခုလို မြန်မာ့အရေးအတွက် အဆိုတင်သွင်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ညီလာခံကာလအတွင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ညီလာခံအစည်းအဝေးများ၊ အမှုဆောင် ကောင်စီအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ခဲ့ပါသေးတယ်။
ဒါအပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က နိုင်ငံတကာပါလီမန်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ အပါအဝင် ဥရောပနဲ့ အာရှနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်းတွေ့ဆုံးပြီး မြန်မာ့အရေးအတွက် သတင်းစကားပါးနိုင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

KNDF ၄နှစ်တာခရီး မှတ်တမ်းဓာတ်ပုံများ တပ်ရင်း (၅) ထုတ်ပြန် (ဓတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တည်ထောင်ခြင်း ၄နှစ်ပြည့်အဖြစ် မှတ်တမ်းဓာတ်ပုံများကို KNDFတပ်ရင်း (၅) က ဒီကနေ့ မေလ ၃၁ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၃ လုံး ပျက်စီး 

တအာင်းတပ်မတော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၂၃ လုံး ပျက်စီးပြီး ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

MNDAA က ဆက်လက်ထိုးစစ်ဆင်မှုတွေ လုံး၀ပြုလုပ်မှာမဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်သာ လုပ်ဆောင်မယ်လို့ ပြော

ရှမ်းမြောက်ဒေသမှာ လားရှိုးအပါအဝင် မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MNDAA က မန္တလေးနဲ့တောင်ကြီးကို ဆက်လက်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်မှာမဟုတ်ဘဲ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်သာ လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ညပိုင်းမှာ MNDAA က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် MNDAA က NUG နဲ့စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်းတွေလည်း ပြုလုပ်ခြင်းမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

ဆားလင်းကြီး ပညာရေးဘုတ်အဖွဲ့ (၁) နှစ်ပြည့်ဆုပေးပွဲ အခမ်းအနား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က NUG ရဲ့ ဆားလင်းကြီးပညာရေးဘုတ်အဖွဲ့ဟာ ၁နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်လို့ ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီနေ့စက်တင်ဘာ ၂၂ ရက်နေ့မှာ ဆားလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပညာရေးဘုတ်အဖွဲ့ ၁နှစ်ပြည့် အခမ်းအနားကို ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ခဲ့တာပါ။
Read More

ကရင်နီပြည်၊ ဖားဆောင်း PDF တပ်တည်ထောင်မှု (၂)နှစ်ပြည့် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် မတော် ဖားဆောင်း တပ်ရင်းအမှတ် (၁၁၀၈ )တပ်တည်ထောင်မှု (၂) နှစ်ပြည့် အခမ်းအနားကို နို၀င်လာ ၃၀ မနေ့က ပြုလုပ်ခဲ့ပါတယ်။
Read More

ဝမ်းတွင်းနှင့် စလင်းတွင် စစ်အုပ်စု အရပ်သားများကို ဆိုးဆိုးရွားရွား ပေါ်တာဆွဲကာ ပြန်ပေးဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်နဲ့ မကွေးတိုင်း စလင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ရွာစဥ်လိုက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်ရင်း အရပ်သားတွေကို ပြန်ပေးဆွဲဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေကြောင်း ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။