တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့ တနင်္သာရီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ FE5 Tanintharyi က အသိပေးထုတ်ပြန်ပါတယ်။
လွတ်လပ်တဲ့သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ FE5 Tanintharyi က ဒေသတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်နဲ့ တိုက်ပွဲအချက်အလက်တွေကို အခြေခံပြီး ထုတ်ပြန်လိုက်တာပါ။
တိုက်ပွဲတွေဟာ အထူးသဖြင့် တနင်္သာရီ၊ ပုလောနဲ့ လောင်းလုံမြို့နယ်တွေမှာ စက်တင်ဘာလအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ကာ စုစုပေါင်းထိတွေ့တိုက်ပွဲပေါင်း ၆၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်တွေက တနင်္သာရီတိုင်းအတွင်း ဆေးဝါးနဲ့ ရိက္ခာ သယ်ဆောင်ခွင့်တွေကို ပိတ်ပင်ထားတဲ့အတွက် နေရပ်စွန့်ခွာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေပြီး ကူညီသူတွေအနေနဲ့ ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ ပိုမိုခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာလအတွင်းမှာလည်း တိုက်ပွဲတွေဟာထိတွေ့တိုက်ပွဲတွေကနေ ထိုးစစ်အသွင်ပြောင်းလာပြီး စစ်ကောင်စီတပ်တွေကို ပိုမိုတိုက်ခိုက်လာနိုင်တယ်လို့ တနင်္သာရီအတွင်းအခြေစိုက်ထားတဲ့ တော်လှန်ရေးအင်အားစုတွေကလည်းဆိုပါတယ်။
တနင်္သာရီမှာ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာလည်း စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပြန်လည်အခြေချနေထိုင်ဖို့လည်း အခက်အခဲတွေ ဖြစ်ပေါ်လျက်ရှိတာပါ။
လတ်တလောမှာ တနင်္သာရီတိုင်းအတွင်း ပုလောမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မြိတ် – ပုလော – ထားဝယ် ပြည်ထောင်စုကားလမ်းကို အသုံးမပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အထူးတိုင်းစစ်ဌာန၏ အခြေခံဆက်သွယ်ရေးသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံ ဆက်သွယ်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ရက်က အထူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၊ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း၊ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီတပ်၊ ခမရ (၄၃၁) မှ တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃) ထံကို အလင်းဝင်ရောက် လာတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပြီး စစ်တပ်လေကြောင်း တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း ပုလဲမြို့ထဲက အကြမ်းဖက် ရဲစခန်း၊ ထွေအုပ်ရုံး၊ စာသင်ကျောင်းတွေနဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး ပုလဲမြို့ရဲ့ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။
Read More

သန်ခေါင်စာရင်းကောက်ယူရာမှာ ပါဝင်ဆောင်ရွက်နေသူတွေကို တိုင်ကြားနိုင်တယ်လို့ ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကြေညာ

အကြမ်းဖက်စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲ အထမြောက်ဖို့ သန်ခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်ဆောင်ရွက်နေသူတွေကို တိုင်ကြားနိုင်တယ်လို့ ပုလောပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကနေ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက‌နေ မတရားအာဏာသိမ်းခဲ့တဲ့ ၄ နှစ်နီးပါး ကာလအတွင်းမှာ ပြည်သူလူထုကို မငဲ့ဘဲ…
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့ EV ကား စက်ရုံတွေဆီ သွားရောက်ကြည့်ရှုခဲ့ဟု ဆို

အာဏာသိမ်း စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တိုက်ခိုက်ရေး ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့  မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေ တင်သွင်းနေတဲ့ EV ကားထုတ်လုပ်ရေးစက်ရုံတွေကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

မလှိုင်မှာ ရှေ့တန်းပို့ခံရမှာကြောက်လို့ ထွက်ပြေးတဲ့ ရဲတွေကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ ရှေ့တန်းပို့ခံရမှာစိုးတာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကောင်စီက လိုက်လံရှာဖွေနေကြောင်း မလှိုင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။