စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ ကုလက လွှဲပြောင်းပေးပြီး ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီက အမြန်ဆုံး ပြစ်ဒဏ်ကျခံဖို့ အချိန်တန်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
၇၉ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ အစည်း အဝေးရဲ့ အစီအစဉ်အမှတ် ၈၅ မှာ သံအမတ်ကြီးက ကုလကိုတိုက်တွန်းပြောကြားတောင်းဆိုလိုက်တာပါ။
စစ်အာဏာသိမ်းပြီးကာလအတွင်း စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့ တောင်းဆိုခဲ့တဲ့ ဦးကျော်မိုးထွန်းက ထပ်မံပြီး တောင်းဆိုတိုက်တွန်းလိုက်ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ထောင်စုရှေ့နေချုပ်ဆိုသူ အပါအဝင် အကြမ်းဖက်စစ်တပ်၏ တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍကို ဦးဆောင်နေသူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုတွေမှာတ ပါဝင်ပတ်သက်နေတယ်လို့လည်း သံအမတ်ကြီးကဆိုပါတယ်။
စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နိုင်စေရန် ဥပဒေများ ပြင်ဆင်ရေးဆွဲ ပေးခဲ့သလို စစ်ကောင်စီအလိုကျ ပြင်ဆင်ထားတဲ့ ဥပဒေများဖြင့် အရပ်သားပြည်သူများအပေါ် လက်နက် သဖွယ် အသုံးပြုခဲ့တယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။
၊ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေများက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းဥပဒေ စနစ်ဖြင့် ရာဇဝတ်မှု ကျူးလွန် သူ များအား ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရန်နှင့် တာဝန် ယူမှု၊ တာဝန်ခံမှုဖြင့် ပြစ်ဒဏ်ကျခံ စေရန် လုံးဝ စွမ်းဆောင်နိုင်ခြင်း မရှိသည်ကို ထင်ရှားစွာ ပြသနေတယ်လို့လည်း ထောက်ပြပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကို စနစ်တကျ ဖျက်ဆီးခဲ့ပြီး ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှု များကို အရှိန်မြှင့်တင် ဆောင်ရွက်နေသည့်အပြင် တစ်ချိန်တည်းမှာပင် ဥပဒေဆိုင်ရာ မူဘောင်များ ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးထားပြီးဖြစ်လို့ နိုင်ငံအတွင်း လွတ်လပ်၍ တရားမျှတစွာ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ပါကလည်း အရာမဝင် အကျိုးမရှိတော့ကြောင်း ဦးကျော်မိုးထွန်းက ဆိုပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းရန် လူ့အခွင့်အရေး မဟာမင်းကြီး၏ တောင်းဆိုမှုကိုလည်း ထပ်ဆင့်တောင်းဆိုပြီး မြန်မာပြည်သူများမှ ခါးစည်းခံစားနေရတဲ့ ဒုက္ခဆင်းရဲ ဒုက္ခတွေက လွတ်ကင်းဖို့ ပြတ်သားတဲ့ အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်ချိန် တန်ပြီဖြစ်ကြောင်း ဦးကျော်မိုးထွန်းကပြောပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်ဒိုနှင့် မူးမြို့တို့မှာ ပြည်သူ ၁ဦး သေဆုံးပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်က အပြစ်မဲ့ အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၇) လုံးပျက်စီးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်တပ် ပြန်လည်ထိန်းချုပ်၊ စစ်တပ်က မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာရုံးတချို့ မီးလောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ကနေ တအာင်းတပ် (TNLA)တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်တပ်က ကျောက်မဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရေဖြူတွင် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်၊ စစ်သား ၁၀ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နတ်မောက်မြို့မှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရန် ဆက်သွယ်လာသည့် ရဲတပ်သား ၁ ဦး သွားရောက်ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြိုနယ်ရှိ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အမှတ် ၁၁ ရဲတပ်ရင်း (တောင်ငူ) ကနေ ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမှာ ဆက်ကြေးကောက် ထွက်လာတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ခြေပြတ်လက်ပြတ်နဲ့ ထိခိုက်ဒဏ်ရာအများအပြားသွားကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ -၃ က သတင်းထုတ်ပြန်ပါတယ်။