အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၈ကြိမ် လုပ်ဆောင်ခဲ့ရာ YPDF တပ်ဖွဲ့ဝင်၂ယောက်နဲ့ ​အရပ်သား၈ယောက်သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေထိခိုက်သေကြေခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ယောဒေသအတွင်းက ထီးလင်း၊ ဂန့်ဂေါ၊ ကျောက်ထု နဲ့ ဆောတို့မှာ အောက်တိုဘာလအစကစလို့ ၁၆ရက်နေ့မတိုင်ခင်အထိ လေကြောင်းတိုက်ခိုက်မှု ၈ကြိမ် လုပ်ဆောင်ခဲ့ပြီး လူ၁၀ယောက် သေဆုံးစေကာ အယောက် ၃၀ ကျော်ကို ထိခိုက်ဒဏ်ရာရစေခဲ့ပါတယ်။

ဒါ့အပြင် အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊ နွား၊ ဝက်စတဲ့ တိရစ္ဆာန်တွေလည်း သေကြေပျက်စီးခဲ့ရသလို နေအိမ်တွေပျက်စီးခဲ့တယ်လို့ YPDF က ထုတ်ပြန်ပါတယ်။

အဲ့ဒီထဲ အောက်တိုဘာလ ၁၄ရက်၊ ညနေပိုင်းက လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လာပို့ရွာနဲ့ ဘောပြင်းရွာတို့မှာ ထိခိုက်မှုတွေဖြစ်ခဲ့ပြီး ဘောပြင်းရွာကို တာဝန်နဲ့ ခေတ္တရောက်ရှိနေတဲ့ YPDF ရဲ့ ထုတ်လုပ်ရေးဌာနမှူးဖြစ်သူနဲ့ တပ်သား၁ယောက်တို့လည်း လေကြောင်းထိမှန် ကျဆုံးခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်း လာပို့ရွာကိုစစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့စဥ်(ဓာတ်ပုံ CJ)

စစ်ကောင်စီက ဂျက်ဖိုက်တာ ၂စီးနဲ့ ဖျက်အားပြင်းဗုံးသီးတွေ၊ ရော့ကတ်တွေနဲ့ နေရာ၄ခုကို တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ​လူထိခိုက်သေဆုံးတာတွေအပြင် အိမ်မွေးတိရစ္ဆာန်တွေသေဆုံးပြီး နေအိမ် အလုံး၂၀နီးပါးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီလိုယောဒေသထဲ လေကြောင်းတိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်လို့ ဒေသခံ သတင်းလေ့လာသူ ၁ယောက်က “လောလောဆယ် ကျနော် FB ပေါ်ကနေတဆင့်​ စောင့်ကြည့်ပြီးသိရသလောက် အခုလို ယောမှာ ရွာတွေ လေယာဥ်နဲ့ ဗုံးကြဲခံရတာ ဒလန်တွေရဲ့လက်ချက်လို့ ပြောလို့ရပါတယ်။ စစ်တပ်နဲ့ သူတို့ကြား သတင်းပေးချိတ်ဆက် အနေအထားက ကွန်ရက်သဘောမျိုးတောင်ဖြစ်နေပြီလို့ ဆိုရမယ်။” လို့ မောင်းကိုပြောပါတယ်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်(EROs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နိုင်ငံတစ်ဝှမ်းက ထိုးစစ်တွေကြောင့် အကြမ်းဖက်စစ်ကောင်စီဟာ နေ့စဥ်နဲ့အမျှ စိုးမိုးနယ်မြေတွေ ဆုံးရှုံးနေရပြီး မြေပြင်အောက်ခြေတပ်သားတွေရဲ့ လက်နက်ချ၊ အညံ့ခံ အလင်းဝင်ရောက်လာမှုတွေလည်း မဍများပြားလာနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြေပြင်ကနေထိုးစစ်ဆင်နိုင်တဲ့ အခြေအနေမရှိတော့တဲ့အချိန်မှာ လေကြောင်းကနေပဲ အရပ်သားပစ်မှတ်တွေဆီကိုပါ ရည်ရွယ်ချက်ရှိရှိနဲ့ War Crime (စစ်ရာဇဝတ်မှု)တွေ၊ Genocide (လူမျိုးတုံးသတ်ဖြတ်မှု) တွေ လုပ်ဆောင်လာတာဖြစ်တယ်လို့ ယောဒေသကာကွယ်ရေးတပ်(YPDF) က ပြောပါတယ်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်း လာပို့ရွာကိုစစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့စဥ်(ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

စစ်ကောင်စီအုပ်ချုပ်မှု ၄ နှစ်ခွဲကာလသည် ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားဦးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ ၄ နှစ်ခွဲ သက်တမ်းကာလဟာ ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားမယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့ ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်တပ် ထောင်ဒဏ် ၇ စီ ချမှတ်

စစ်ကော်မရှင်က မတရားသဖြင့် ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ စီ ချမှတ်လိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
Read More

ရသေ့တောင်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါ အရပ်သား အလောင်း ၁၃ လောင်း ရရှိထား၊ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ…

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားအလောင်း ၁၃ လောင်း ရရှိထားပြီး ဒဏ်ရာရသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ အမှတ် (၁) စစ်ဒေသရဲ့ အပတ်စဉ် (၇) စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ အမှတ် (၁) စစ်ဒေသ၊ အပတ်စဉ် (၇) စစ်သင်တန်းဆင်းပွဲကို စက်တင်ဘာလ နောက်ဆုံးအပတ်က အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီတပ် တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ယောက် ဒဏ်ရာရပြီး ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။