စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီးတွေဆီ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချလာပေးတဲ့ ရိက္ခာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပုံတောင်တိုက်ဂါး PDF တပ်ဖွဲ့နဲ့ Eagle Wings Drone Force တပ်ဖွဲ့တို့က ရရှိခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ရိက္ခာထုပ်တွေကို Y8 လေယာဉ်နဲ့ လာရောက်ချပေးခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ရဲ့ ကင်းထောက်ဒရုန်းတစ်စီး ပျက်စီးမှုတော့ ရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ် လေယာဉ်နဲ့ချပေးတဲ့ ရိက္ခာထုပ် (ဓာတ်ပုံ ပုံတောင်TIGER PDF)

ကျနော်တို့ ဒီနေ့မနက် ၉နာရီလောက်မှာ ပုလဲ မြို့နယ်ထဲက ကားနောက်ရဲစခန်းကို ဒရုန်းမစ်ရှင် လုပ်နေတာပေါ့။ အဲဒီအချိန်မှာ Y 12 လေယာဥ်ပျံနေတာတွေ့လို့ စကောက်ဒရုန်းနဲ့ ထောက်ကြည့်နေတဲ့အချိန်မှာ သူတို့က ဇီးဖြူကုန်း အကြမ်းဖက်စစ်တပ် ဗျူဟာကုန်းမှာ ဝဲနေတာ နှစ်ပတ်လောက်ရှိပြီပေါ့။ ပစ္စည်းမချသေးဘူးပေါ့။ ပစ္စည်းချတဲ့အချိန်မှာ ဒရုန်းမစ်ရှင်ကို ရပ်လိုက်တယ်။ ဇီးဖြူကုန်းနားကိုကပ်ပြီး စကောက်ဒရုန်းနဲ့ကြည့်ပြီးတော့ ပစ္စည်းချတဲ့နေရာနဲ့ ဝေးတဲ့နေရာကနေသွားပြီး ပစ္စည်းတွေယူခဲ့တာလို့ ဒရုန်းတပ်ဖွဲ့တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲကတော့ မဖြစ်ခဲ့ဘူး။ Y12 ပျံနေတဲ့အချိန်မှာဆိုတော့ ကျနော်တို့စကောက်ဒရုန်းက သူတို့ရဲ့ ဂျမ်ဘာကြောင့် ပျက်ကျခဲ့တယ်။ ကျနော်တို့ ဒရုန်းကတော့ လုံးဝကို သုံးလို့မရတော့ဘူးပေါ့။ သူတို့ချပေးတဲ့ထဲမှာ ဘာတွေပါလဲဆိုတော့ အဓိကကတော့ ဆန်တွေပေါ့။ ဆန်တွေဆိုတာကလည်း ပိုးတွေထိုးပြီး လုံးဝကို စားလို့မရတော့တဲ့ အခြေအနေတွေပေါ့လို့ အထက်ပါ ဒရုန်းအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွေထဲမှာ အကြမ်းဖက်စစ်တပ်က ဒေသခံတချို့ကို စစ်သင်တန်းပို့ချပေးထားပြီး ပျူစေားထီးအဖွဲ့တွေ ဖွဲ့စည်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာတွေ ပြုလုပ်နေပြီး ဇီးဖြူကုန်းကျေးရွာမှာဆိုရင်လည်း အကြမ်းဖက်စစ်တပ်က ဗျူဟာစခန်းပါ အထိုင်ချထားတယ်လို့ သိရပါတယ်။

လုံးဝစားလို့မရအောင် ပိုးထိုးနေသည့် ရိက္ခာထုပ်ထဲက ဆန်များ (ဓာတ်ပုံ ပုံတောင်TIGER PDF)
0 Shares:
You May Also Like
Read More

ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မည်သည့်ပွဲမှ လတ်တလော မကျင်းပရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ပြည်သူတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေ လတ်တလောမှာ ကျင်းပခြင်း မပြုလုပ်ကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

အဓမ္မ စစ်သားစုဆောင်းခံရပြီး ရှေ့တန်းရောက်လာတဲ့ စစ်သား (၇) ယောက် KNDF ထံ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့ရပြီး ကရင်နီဒေသ ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့ စစ်သား (၇) ယောက်ဟာ KNDF တပ်ရင်း အသီးသီးထံ အလင်းဝင်ရောက်လာတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကလေးဝမြို့နယ်၊ အောင်ချမ်းသာစခန်းနှင့် မစိန်စခန်းတို့မှ စစ်သား (၁) ဦးနှင့် ပြည်သူ့စစ် (၁) ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်ရောက်လာ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ အောင်ချမ်းသာစခန်းနဲ့ မစိန်စခန်းတို့က စစ်သား (၁) ယောက်နဲ့ ပြည်သူ့စစ် (၁) ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင် အမှတ် (၉) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်နဲ့ ပခုက္ကူအစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး…

မကွေးတိုင်းထဲက မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ် အစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဒေသခံ ၂ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၄ ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က ပါရာမော်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်လက်သေနတ်တွေနဲ့ပါ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ပခုက္ကူ ၁၀၁ ကနေ ပါရာမော်တာ ၃ စီးတက်လာတာပေါ့နော်။ အဲ့လိုနဲ့ ပခုက္ကူနဲ့ မြို့ကြားအစပ်က ကျေးရွာပေါ့နော်။ ကျွန်တော်တို့ကတော့ နာမည်ထည့်မပြောတော့ဘူးနော်။ အဲ့လိုနဲ့ အဲ့ကျေးရွာကို ဗုံး ၂လုံး အရင်ကြဲချတာပေါ့နော်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဒုတပ်ကြပ်တစ်ဦး KPLA ထံ လက်နက်နဲ့ အလင်းဝင်

မန္တလေးတိုင်း၊ မိတ္ထိလာမြို့နယ်၊ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁ ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း ရထပ (၁) က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ တပ်ရင်း ၉၄၂၅ (KPLA -B 9425) က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက် တောမီးများ လောင်နေ

မကွေးတိုင်းကနေ ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက်မှာ တောမီးတွေ လောင်ကျွမ်းနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။