ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်အုပ်ချုပ်နေတဲ့ လားရှိုးမြို့နဲ့ အနီးဝန်းကျင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေရဲ့ နေထိုင်မှုဘဝ အခက်အခဲဖြစ်စေဖို့အတွက်  အဆောက်အအုံကို တမင်တကာ ဖျက်ဆီးခဲ့ပြီး လားရှိုးမြို့နဲ့ အနီးပတ်ဝန်းကျင် ရေနဲ့လျှပ်စစ်ဓာတ်အား စက်ရုံတွေကို အဆက်မပြတ် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းက လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စုက နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံး ၄ လုံးကို ကြဲချခဲ့ရာ လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်၊ လျှပ်စစ်ဓာတ်ကြိုးတွေနဲ့ အဆောက်အဦး အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့နဲ့ သိန္နီမြို့က လူနေရပ်ကွက်တွေအပြင် စာသင်ကျောင်းတွေ၊ ဈေးတွေနဲ့ အခြား အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားသေဆုံးမှု အများအပြား ရှိခဲ့တယ်လို့ MNDAA က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အခြေခံအဆောက်အအုံတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်တာဟာ ပြည်သူတွေ နေထိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နှောင့်ယှက်ဟန့်တားတာ ဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။

အောက်တိုဘာ ၁၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ် တိုက်လေယာဉ်တွေဟာ လားရှိုးမြို့ ရပ်ကွက် ၁ က နားမခေါ် ဓာတ်အားပေးစက်ရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဓာတ်အားပေးစက်ရုံရှိ စက်အချို့ ပျက်စီးခဲ့ပြီး ဒေသခံ အရပ်သားတစ်ယောက် သေဆုံးခဲ့သလို တစ်ယောက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စကစ ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးခံရသည့် ဓာတ်အားပေးစက်ရုံ တစ်ရုံ (ဓာတ်ပုံ 果敢资讯网 )
0 Shares:
You May Also Like
Read More

ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ လူ့ဘီလူးဝါဒသုံး စစ်ကောင်စီ

စစ်ကောင်စီက ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်နယ်ထဲမှာ ၂ လအတွင်း စစ်ကောင်စီတပ်သားတွေ ရဲ့ လက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၃၉ ဦးအထိ ရှိလာ…

“ ဒီနေ့ လမ်းဆုံမှာ ပစ်ခတ်ခံရတယ်အသံကြားမှ သွားကြည့်တော့ ဆေးသမားတစ်ယောက်ကလှဲနေပြီးပေါ့ သေဆုံးပြီးတော့လှဲနေပြီးပစ်သွားတဲ့ကျည်ခွံလည်းတွေ့တယ်ဘယ်လိုပုံစံဖြစ်သွားလဲဆိုတော့မသဲကွဲလိုက်ကြဘူး လမ်းဘေးက ဆေးသမားတွေကိုအခုပစ်တာ စုစုပေါင်းဆိုရင် ၁၀ ယောက်လောက်ရှိပြီး ဘယ်သူပစ်လဲဆိုတာအခုချိန်ထိမသိသေးဘူး ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖမ်းဆီးရမိထားသည့် ပျူစောထီး ထွက်ပြေးရာ ပြန်လည်ဖမ်းဆီးမှုကို လက်မခံသောကြောင့် ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွန်းနက်ကုန်းအုပ်စု၊ ရွှေပန်းတောကျေးရွာနေ စစ်တပ်သတင်းပေး ပျူစောထီး မြင့်လွင်ကို ဖမ်းဆီးရမိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းမှာ ထိန်းသိမ်းထားချိန် ထွက်ပြေးရာ ပြန်ဖမ်းတာကို လက်မခံတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) က ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူနှင့် စလင်းတွင် စစ်အုပ်စုက ခရီးသည်ကားများကို ပစ်မှတ်ထားပြီး လူငယ်များကိုပေါ်တာဆွဲ၊ ၂ လအတွင်း လူငယ် ၅၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူနဲ့ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသည်တင်ကားတွေ အဓိကပစ်မှတ်ထားပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေ​ကြောင်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်တံခါးတွင် ငလျင်အပြီး သေဆုံးသူ ၁၁ ဦး ရှိ၊ ရဲနွယ်ဆည်အတွင်း ရေနစ်သူများ အလောင်းပြန်မရသေးသလို သောက်သုံးရေ အခက်အခဲများလည်း ရှိလာ

စစ်ကိုင်းမြို့ကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စာဖြေသံဃာတော် ၁ ပါးနဲ့ အဘွားအို၁ယောက် အပါအဝင် အရပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။