မကွေးတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဖြတ်တိုက်ခံထားရတဲ့ စီပါကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး အရပ်သားတွေလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၇ရက်၊ မနေ့က မနက်ပိုင်းမှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မြောက်ကျီရွာနဲ့ တက်လှိုင်းကျေးရွာတို့မှာ တပ်စွဲရင်း စီပါရွာကို ဝင်ပြီးမီးရှို့ခဲ့တာ ဖြစ်ပါတယ်။

စီပါရွာကိုစစ်ကောင်စီတပ်က မနေ့ကတစ်နေ့တည်းမှာပဲ ၃ကြိမ်တိတိ မီးရှို့ခဲ့တာဖြစ်ပြီးအရပ်သား၃ယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မနေ့က မနက် ၁၀ နာရီလောက်မှာ စီပါရွာကို မီးစရှို့တယ်။ မွန်းလွဲ ၂နာရီနဲ့ ညနေ ၄နာရီမှာလည်း ရှို့ကြတယ်။ အဲ့ဒါအပြင် ဒီနေ့အဲ့ရွာကအထွက်မှာ ရှို့ပါတယ်။ ထိတွေ့မှုလုံးဝမရှိဘဲနဲ့ကို သက်သက်မဲ့စစ်ကြောင်းဝင်ပြီးရှို့တာပါ။လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်းဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က မောင်းကိုပြောပါတယ်။

အောက်တိုဘာ ၁၈ရက်(ဒီနေ့) မနက်ပိုင်းမှာတော့ အထက်ပါစစ်ကြောင်းဟာ ကျွဲသေချောင်းကျေးရွာကို မီးဝင်ရှို့ခဲ့ပြီး ဆည်ချောင်းရွာကိုပါ တဆက်တည်းရှို့သွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၇ရက်၊ မနေ့က မနက်ပိုင်းမှာ စီပါရွာကို စစ်တပ်ကမီးဝင်ရှို့စဥ် (ဓာတ်ပုံ CJ)

ဒါ့အပြင် စစ်ကြောင်းထိုးခံနေရတဲ့ ကျေးရွာတွေမှာ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး အရပ်သားရာနဲ့ချီ ဓားစာခံလုပ်ခံထားရတယ်လို့လည်း ဆရာဇော်ကပြောပါတယ်။

အခုလက်ရှိ မိုးကလည်းရွာ၊ ဖုန်းလိုင်းကလည်းပြတ်နေပါတယ်။ စစ်ကြောင်းဝင်တဲ့ လမ်းတစ်လျှောက်ကတော့ အကုန်ရှောင်ရတာပါပဲ။ စစ်ကြောင်းက အခုထိ ဆည်ဝရွာမှာပဲရှိသေးတယ်။လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်းဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က မောင်းကိုပြောပါတယ်။

စက်တင်ဘာလ ၃၀ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာအောက်တိုဘာ  ၅ရက်နေ့ကစလို့ ဘုတလင်မြို့နယ်ထဲကို အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ထိစပ်နေတဲ့ ဘုတလင်မြို့နယ်ဟာ စစ်ကောင်စီအတွက် စစ်ကြောင်းအရ အရေးပါတာတဲ့အတွက် ကျီးပဒုံရွာကနေတဆင့် တစ်မြို့နယ်လုံးဆီ စစ်ကြောင်းဝင်လာတာလည်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၉ရက်၊ မနက်ပိုင်းကလည်း သီးပင်အိုင်ရွာကနေ ကျောက်အိုးမြောက်ရွာကိုဝင်လာတဲ့ စစ်ကောင်စီတပ်တွေက ရွာကိုမီးရှို့ဖျက်ဆီးပြီး ရွာခံအယောက်၂၀ကို လူသားဒိုင်းလုပ်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်ကြောင့် ဘုတလင်မြို့နယ်ထဲက စီပါကျေးရွာအပါအဝင် ကူတော်၊ မောင်းတောင်၊ မွန်တော၊ ရွှေလက်၊ ကတိုး၊ အင်နိုင်း၊ နှောပင်ရိုး၊ ကံစွယ်၊ ရုံလေးကုန်းရွာသစ်ရွာဟောင်း၊ တရော်တော၊ ကြက်ရိုးကုန်း၊ ညောင်ကန်၊ ရွာသာ၊ စီပါ၊ ကျွဲသေချောင်းနဲ့ ဆည်ဝ စတဲ့ ကျေးရွာတွေက ဒေသခံ ၃သောင်းနီးပါး စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်ကို စစ်အုပ်စု Gyrocopter ၂ စီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အကြမ်းဖက်စစ်တပ်က Gyrocopter ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့…

ကရင်နီပြည်၊ မိုးဗြဲမြို့ရဲ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းစစ်တပ် ရိုက်နှက်လို့ မြန်မာအမျိုးသားတစ်ယောက် သေဆုံးခဲ့

၂၀၂၄ ခုနှစ်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအမျိုးသားတစ်ယောက်ကို ထိုင်းစစ်တပ်က သေတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စွပ်စွဲထားပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီမှာ လုပ်ကိုင်နေသည့် ဝန်ထမ်းများ နေထိုင်ရာကျေးရွာအတွင်း “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားများ ကပ်ကာ လူထုလှုပ်ရှားမှု ပြုလုပ်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ နေထိုင်ရာ ကျေးရွာတစ်ရွာမှာ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားတွေကပ်ပြီး လူထုလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ၅/ဆလက လူထုသပိတ်စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီ လက်အောက်ခံ SNA တပ်နှင့် KIA ပူးပေါင်းတပ်များ ထိတွေ့မှုဖြစ်၊ ထိခိုက်သေဆုံးမှုများရှိသည့် SNA တပ်က ရွာသား ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

ဗန်းမောက်နဲ့ ကချင်ပြည်နယ်အစပ်ရှိ ခေါင်းတုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် အခြေခံစစ်သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ကယန်းဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။