ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ယူလာကာ ယမ်းထုတ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ ထပေါက်ကွဲလို့ ဒေသခံ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ဒေသခံ ၂ယောက်က ကောက်ယူပြီး ယမ်းမှုန့် ပြန်ထုတ်ဖို့ လုပ်ဆောင်ရင်း ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့သူတွေကတော့ ပန်ခါးကျေးရွာက ဒေသခံ ခွန်ဂျာချောင် အသက် ၂၇နှစ်နဲ့ ခိုမုန်းကျေးရွာက အသက် ၆၀ ရှိ ဦးညီထွမ်းတို့ ဖြစ်ပါတယ်လို့ ပန်ခါးကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၁ရက်နေ့တုန်းကလည်း နမ့်ဖက်ကာ မှာပဲ အမျိုးသားတစ်ယောက် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆံတစ်ခုကို ယူဆော့မိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွါးပြီးနောက် ကြွင်းကျန်နေတဲ့ လက်နက်ခဲယမ်းတွေ တွေ့ရှိရင် ဆော့ကစားခြင်း မလုပ်ဘဲ သက်ဆိုင်ရာအဖွဲ့တွေထံ အသိပေးအကြောင်းကြားကြဖို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

မပေါက်ကွဲသေးတဲ့ ဗုံးသီးကနေ ယမ်းထုတ်ယူဖို့ ကြိုးစားရင်း သေဆုံးခဲ့ရတဲ့ ဒေသခံနှစ်ယောက် (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ရန်ကုန်မှာ စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူရေး သတင်းစကားမျှဝေမှု ဆက်တိုက်လုပ်ဆောင်နေ

ရန်ကုန်မြို့နေရာအနှံ့မှာ အကြမ်းဖက်စစ်ကောင်စီကို ILO က ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ လိုအပ်တဲ့ အချက်တွေ ပါဝင်တဲ့ သတင်းစကား စာရွက်တွေကို ရန်ကုန်တော်လှန်‌ရေးသပိတ်အင်အားစုတွေက ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

မိတ္ထီလာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်က အစိုးရသူနာပြု သင်တန်းကျောင်းမှာ ကျောင်းသူတစ်ယောက် မီးလောင် သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။
Read More

နမ္မတူမြို့ထဲ စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝေါနယ်က ဒေသခံတွေကို စစ်အုပ်စုက ရွေးကောက်ပွဲမှာ မဲပေးဖို့ အဓမ္မဖိအားပေး

ပဲခူးတိုင်း၊ ဝေါမြို့နယ်က ဒေသခံတွေကို စစ်ကော်မရှင်တပ်သားတွေက ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးဖို့အတွက် အဓမ္မဖိအားပေးတာမျိုးတွေရှိနေတယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိ ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စစ်ကော်မရှင်တပ်သား၂၀ ဝန်းကျင်ဟာ ဝေါမြို့နယ်ထဲက ဖိုးဦးစိန်ရွာ ထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး တစ်အိမ်တစ်ယောက် မဖြစ်မနေ အစည်းဝေးတက်ရမယ်လို့ စေခိုင်းခဲ့ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၁၄) မှ ရှေ့တန်းတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အမှတ် (၁၄) တပ်ရင်းမှာ တာဝန် ထမ်းဆောင်နေရင်း ကျဆုံးခဲ့တဲ့ ရဲဘော် ချမ်းမြေ့အောင်ရဲ့ စျာပနမှာ အလေးပြုခြင်းနဲ့ သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။