စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းတာဝန်ခံ စစ်သားတစ်ယောက်ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့စခန်းအထိုင်ချထားတဲ့​ ဒီပဲယင်းမြို့မရဲစခန်းကနေ အပြင်ထွက်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်

“အောက်တိုဘာလ ၁၇ရက် မနက်ပိုင်းက သူတို့စခန်းအထိုင်ချတပ်စွဲထားတဲ့နေရာကနေ အပြင်ထွက်တဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာ။ သေတဲ့သူ၊ ထိခိုက်ဒဏ်ရာရတဲ့သူလည်း ရှိခဲ့ပြီး အရှင်ဖမ်းဆီရမိတဲ့ အကြမ်းဖက်စစ်သားက မိုင်းစစ်ဆင်ရေးအကြမ်းဖက်စစ်တပ်ရဲ့ အရေးပါတဲ့သူဖြစ်တယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ဒီလို တိုက်ခိုက်မှုအတွင်း အင်အား ၂၀ ခန့်ပါ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးကာ ထွက်ပြေးသွားခဲ့ရပြီး ညဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရော ပြည်သူတွေပါ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဒီပဲယင်းမြို့နယ် ပကဖ၊ A2k ပကဖ၊ ပေါင်ချိန် ပကဖ၊ ခင်ဦးမြို့နယ် NAA-DFနဲ့ ခင်ဦးမြို့နယ် LBBGH တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းစစ်ဆင်ရေးတာဝန်ခံ (ဓာတ်ပုံ)
0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့ပေါ် ၂ ရက်တာ ဒရုန်းစစ်ဆင်ရေးအတွင်း ခရိုင်ရဲမှူးသားအပါအဝင် စစ်အုပ်စု ထိခိုက်မှုတွေ ရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားရာ နေရာတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ခရိုင်ရဲမှူးသား အပါအဝင် စစ်ကောင်စီဘက်က ထိခိုက်မှုများပြားကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် Mobye Local PDF ရဲဘော် ၂ ဦး ပြင်းထန်ဒဏ်ရာရ၊ ဆေးကုသစဥ် ၁ ဦး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Mobye Local PDF က ရဲဘော် ၂ ယောက် အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရပြီး ၁ ယောက် ကျဆုံးသွားတယ်လို့ Mobye Local PDF က ထုတ်ပြန်ထားပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံကုန်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲ ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က စစ်ကောင်စီတပ်စွဲရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း UNDP ထုတ်ပြန်

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

ဂုတ်ထိပ်တံတား ပြိုကျခြင်းဟာ အကြမ်းဖက်စစ်တပ်၏ ဒရုန်းကြောင့်သာဖြစ်သည်ဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာရှိတဲ့ သမိုင်းဝင် ဂုတ်ထိပ်တံတား ပြိုကြပျက်စီးခဲ့တာဟာ စစ်တပ်ရဲ့ ဒရုန်းတွေကြောင့် ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုလာပါတယ်။
Read More

ဘူးသီးတောင်မှာ စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုင်အမာစခန်းနေရာတွေကို ၄ နေရာကို သိမ်းပိုက်ပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ အခိုက်အမာစခန်းနေရာ ၄ ခု ကို တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်သမား အလောင်းတွေနဲ့ အကြမ်းဖက်စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားပါတယ်။