ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်မှာ ရာအိမ်မှူးအိမ်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၂ ကြိမ်တိုင်တိုင် ထိတွေ့မှုဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ BTZM GBK PDF အဖွဲ့တာဝန်ခံ ကိုတေဇာမင်းက မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၁၅ရက်၊ မနက်အစောပိုင်းက ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု၊ ဒိုးနွယ်ရွာမှာရှိတဲ့ စစ်ကောင်စီခန့် ရာအိမ်မှူးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှင်းလင်းနေကြောင်း သတင်းရပြီးထွက်လာတဲ့ ဘောဘင်ရွာက အကြမ်းဖက်စစ်အုပ်စုတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေ မီးကောက်ပင်ရွာထိပ်၊ ပျူဟာလမ်းကို ရောက်ရှိလာချိန် မနက် ၄နာရီမိနစ်၂၀လောက်မှာ တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရာအိမ်မှူးကို ရှင်းပြီဆိုတာနဲ့ ဘောဘင်ရွာက ပျူနဲ့ စစ်ကောင်စီအဖွဲ့တွေ ထွက်လာမှာကို ကျနော်တို့ကြိုသိထားတော့ အရင်ဆုံး ပဒေသာမိုင်းကွင်းပြင်တယ်။ မိုင်းဆွဲပြီး လက်နက်လုဖို့အထိ ရည်ရွယ်ထားတာပေါ့။ စစ်အုပ်စုက စစ်သားနဲ့ ပျူ ၃၀လောက်ပဲရှိတာပါ။ လိုအပ်ချက်လေးရှိသွားတော့ ဝင်လုံးဖို့ လက်နက်ငယ်နဲ့ ပစ်ခွင့်မရခဲ့ဘူး။ ဒါပေမယ့် မိုင်းကွင်းထဲ သူတို့ဆိုင်ကယ်တွေရပ်လိုက်လို့ မိုင်းကိုတော့ မိမိရရ ဆွဲခွင့်ရလိုက်တယ်။အသေအပျောက်ကတော့ရှိပါတယ်။လို့ BTZM GBK PDF အဖွဲ့တာဝန်ခံ ကိုတေဇာမင်းက မောင်းကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုပြီးလို့ မနက် ၆နာရီအချိန်လောက်မှာလည်း ဘော်ဘင်ချောင်းသရက်ပင်အိုင်တံတားမှာ နှစ်ဖက်ထိတွေ့မှုမိနစ်၂၀ကြာဖြစ်ခဲ့သေးတယ်လို့သိရပါတယ်။

BTZM GBK PDF ၏ ထုတ်ပြန်ချက်

မိုးလင်းတော့ ဒီကောင်တွေ အလောင်းပြန်လာကောက်လိမ့်မယ်လို့ တွေးပြီး ကျနော်တို့ မိုင်းကွင်းကိုနေရာရွှေ့ပြီး ထပ်စောင့်ကြတယ်။ ဒါပေမယ့် သူတို့က ဆိုင်ကယ်တွေ စီးဝင်မလာတော့ဘူး။ ခြေလျင်ကြောင်းနဲ့ အကာကွယ်တွေယူ ပစ်ခတ်ပြီး ဝင်လာတော့ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်ကြတာပါ။နေရာအပိုင်ယူထားတော့ ကျနော်တို့တော့ ထိခိုက်မှုမရှိဘူး။ ဒါပေမယ့်လက်နက်ကြီးစီးပစ်နိုင်လို့ ဒီကောင်တွေပြန်ဆုတ်သွားကြပါတယ်။ ထိထားတဲ့ကောင်တွေကိုလည်း ညတွင်းချင်းရွှေ့သွားကြပါတယ်။လို့  BTZM GBK PDF အဖွဲ့တာဝန်ခံ ကိုတေဇမင်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့နဲ့အတူတပ်ရင်း ၃၈၀၂ တပ်ခွဲ၁ Dragon brothersတပ်ဖွဲ့ ၊ တပ်ရင်း၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရာအိမ်မှူးအိမ်ကိုဝင်ရောက်စီးနင်းရာမှာ မအောင်မြင်ခဲ့ပေမယ့် ရာအိမ်မှူးရဲ့ လေသနတ်နဲ့အတူ သန်းခေါင်စာရင်းကောက်ယူထားတဲ့အချက်အလက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကိုတေဇာမင်းကပြောပါတယ်။

လွတ်သွားတယ်ဆိုတာကလည်း သူ့အိမ်ကတိုက်အိမ်၊ ဝင်ပေါက်တစ်ခုပဲရှိတယ်။ကျနော်တို့ဝင်ဖမ်းတော့ နောက်ဖေးပြတင်းပေါက်က ခုန်ချပြေးတာပါ။

လေသနတ်အပါဝင်ငွေကြေးပိုင်းတွေပါသိမ်းဆည်းရမိတာမျိုးရှိပေမယ့်ရာအိမ်မှူးမိန်းမနဲ့ကလေးတွေကိုသနားလို့မယူခဲ့ဘဲကျန်တဲ့သန်းခေါင်စာရင်းအချက်အလက်စာရွက်စာတမ်းတွေပဲယူခဲ့ပါတယ်။လို့ BTZM GBK PDF အဖွဲ့တာဝန်ခံ ကိုတေဇမင်းက ပြောခဲ့ပါတယ်။

ရာအိမ်မှူးထံမှ​ သိမ်းဆည်းရမိသည့် သန်းခေါင်စာရင်းကောက်ယူထားတဲ့အချက်အလက်များ (ဓာတ်ပုံ BTZM GBK PDF)
0 Shares:
You May Also Like
Read More

ဂန့်ဂေါတွင် စစ်အုပ်စု၏ အတုယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မည့်သူ ၃ ဦး အမည်စာရင်းပေါ်ထွက်လာ၊ လုံခြုံရေးအာမခံချက်မရှိဟု ဆို…

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့် စစ်တပ်ဆက်နွယ်သူတွေရဲ့စာရင်းကို ရရှိထားရာ စစ်အုပ်စုဘက်ကို ရပ်တည်မှုနဲ့ ထိထိရောက်ရောက် အရေးယူခံရမှာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ယောဒေသ(ခေါ်) ဂန့်ဂေါခရိုင်အတွင်းက တစ်မြို့နယ်တည်းမှာ အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်သွားဖို့ရှိနေရာ ဂန့်ဂေါမြို့နယ်မှာ လွှတ်တော် ၃ ရပ်အတွက် အမတ် ၅ ယောက်ဝင်အရွေးခံဖို့ ရှိနေပြီး လက်ရှိအချိန်အထိ ၃ ယောက်ရဲ့အကြောင်းကိုသာ သိရှိရသေးကြောင်း သိရပါတယ်။ လက်ရှိမှာလည်း တိုင်းဒလွှတ်တော် အမတ်နေရာအတွက် ကြံ့ခိုင်ရေးပါတီက​နေ ဝင်ရောက်အရွေးချယ်ခံမယ့် ဦးဇော်ထွန်းဦးဟာလည်း ပြိုင်မယ့်သူမရှိတာကြောင့်ကြိုတင်အရွေးခံထားရပြီးဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ထီးခီးဗျူဟာစခန်းကို KNLA၊ PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထီးခီးဗျူဟာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း Force For Federal Democracy -FFD က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ဦး သေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာသုံးကာ ပေါင် (၂၅၀) ဗုံး (၂) လုံးနဲ့ အတွဲလိုက်ဒုံး (၁၅) လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကပစ (၆) နှင့် ၁၀ မိုင်သာ ကွာဝေးသည့် ညောင်ကျိုးတိုက်ပွဲ အပြင်းထန်ဆုံးအခြေအနေ ရောက်ရှိနေ၊ စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံးသွား

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) ကနေ ထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တိုက်ပွဲမှာ အပြင်းထန်ဆုံးအခြေအနေကို ရောက်ရှိနေပြီး စစ်တပ်ဘက်မှာ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ပစ်ချခံရသည့် ဂျက်ဖိုက်တာကို စက်ချို့ယွင်း၍ ပျက်ကျဟု စစ်ကောင်စီ ပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ပစ်ချခံခဲ့ရတဲ့ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ကန်နီပျူရွာထဲ ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ၊ မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းတွေနဲ့ သွားရောက်ဗုံးချရင်း မြေပြင်မှာပါ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ကြောင်း ဗစ် တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။