ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (CDF-Matupi) တပ်မဟာ -၁ အောက်ရှိ တပ်ရင်း တစ်ရင်း ဖြစ်တဲ့ လင်းယုန် တပ်ရင်းက ၆ လပတ်အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၄ ရက်နဲ့ ၁၅ ရက်မှာ လင်းယုန် တပ်ရင်းက ၆ လပတ်အစည်းအဝေး ကို မတူပီမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တာပါ။
အဲ့ဒီ (၆) လပတ် အစည်းအဝေးမှာ အရင် (၆) လ အတွင်း လုပ်ဆောင်ခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေး၊ ပြည်သူ့ရေးရာ လုပ်ဆောင်ချက်တွေ အစီအရင်ခံ ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
မတူပီအပါအဝင် ချင်းပြည်ရဲ့ လာမယ့် စစ်ရေး အခန်းကဏ္ဍမှာ ကျစ်လစ်ခိုင်မာ အားကောင်းတဲ့ တပ်အင်အားတည်‌ဆောက်ရေး ၊ လက်နက်အင်အား တောင့်တင်းရေးနဲ့ ပြည်သူ့ အကျိုးပိုမို သယ်ပိုးနိုင်ရေးအတွက် ရှေ့ဆက်လုပ်မယ့် လမ်းစဉ်တွေ ချမှတ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လင်းယုန်တပ်ရင်းဟာ CDF-Matupi (တပ်မဟာ-၁) အောက်ရှိ တပ်ရင်း တစ်ရင်း ဖြစ်ပြီး “ချင်းညီနောင်စစ်ဆင်ရေး-မတူပီ” Operation CB-Matupi မှာ တပ်ရင်းတစ်ခုလုံး ကျရာအခန်းကဏ္ဍမှာ ပါဝင်တိုက်ပွဲဝင်ခဲ့တဲ့ တပ်ရင်းဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မန္တလေးမှာ တစ်လအတွင်း စစ်မှုထမ်းဖို့ လူငယ် ၂၀၀ ကျော် ဖမ်းဆီးစုဆောင်းခံရ 

မန္တလေးက မြို့နယ် (၇) မြို့နယ်မှာ တစ်လအတွင်း လူငယ် ၂၀၀ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်မှာ ဗမာ့တပ်တော်မှ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ကချင်ပြည်နယ်ရှေ့တန်းစစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ မိခင်တပ်ဖွဲ့ဖြစ်တဲ့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်က အုန်နှဲဘုတ်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့  ထောင်နဲ့ချီတဲ့ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။ 
Read More

ပိုင်ကျုံမြို့နယ်ရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ ကင်းပုန်းဝပ်ရာက ပြန်တဲ့စစ်​အုပ်စုတွေ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စု ကင်းပုန်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေကာ ၄ ယောက် ဒဏ်ရာရသွားတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဇုန် ၃ က ထုတ်ပြန်ထားပါတယ်။