အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ရတဲ့ ဧရာဝတီတိုင်း မြို့နယ်တွေထဲက စစ်သားသစ်တွေကို ရခိုင်ပြည်နယ် စစ်ဆင်ရေးဒေသတွေဆီ ပို့ဆောင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၅ နဲ့ အပတ်စဉ် ၆ က သင်တန်းဆင်း တပ်သားသစ်တွေကို ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့နယ်ကတဆင့် ရခိုင်ပြည်နယ်ထဲ ပို့ဆောင်နေတာလို့လည်း သိရပါတယ်။
“ဟင်္သာတမြို့နယ် ကွင်းကောက်မြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၅ တန်းမြှင့် လေ့ကျင့်ရေးကျောင်းက သင်တန်းဆင်းတွေနဲ့ ပုသိမ်မြို့ အမှတ် ၆ အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းဆင်း အများစုကို ရခိုင်ပြည်နယ် ကစစ်ဆင်ရေးဒေသတွေကို ပို့ဆောင်ပေးနေတာ။ အကြမ်းဖက်
စစ်ကားတွေနဲ့ ပို့ပေးနေတာ”လို့ စစ်တပ်နဲ့နီးစပ်တဲ့ ပုသိမ်မြို့ခံတစ်ယောက်က ပြောပါတယ်။
“ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်တပ်တွေ ရခိုင်ပြည်နယ် မောင်တောဒေသထဲမှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနေလို့ သင်တန်းဆင်း စစ်သားသစ်တွေကို အောက်တိုဘာလ ၁၅ရက်နေ့က အားချင်း ပို့ပေးနေရတာ။ အောက်တိုဘာလ ၁၆ရက်နဲ့ ၁၇ရက် မနက်ပိုင်းမှာလည်း ထပ်ပို့ပေးနေကြတယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မောင်တောမြို့ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ နယ်ခြားစောင့်တပ်ဌာနချုပ်ကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ခုခံကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ်က စစ်သင်တန်းပေးနေပုံ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မတူပီ-မင်းတပ် လမ်းပိုင်းရှိ မိုင်တိုင် ၉၁ မိုင်တွင် လမ်းပြုပြင်နေသဖြင့် လမ်းပိတ်ထားကြောင်း CDF မတူပီ ထုတ်ပြန်ကြေညာ

ချင်းပြည်နယ်ရှိ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်မှာ လမ်းပြုပြင်နေတာကြောင့် လမ်းပိတ်ထားတယ်လို့ Chin Defense Force-Matupi က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

KTV သွားသည့် ရဲ ၃ ဦး လိုရာခရီးမရောက်ဘဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ KTV လာတဲ့ ရဲ ၃ယောက်ကို လက်ပစ်ဗုံးတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

တောင်သာမြို့နယ် ထနောင်းကုန်းပျူစခန်းကို PLA နှင့် မဟာမိတ်များ ဝင်ရောက်တိုက်ခိုက်၊ ပျူစခန်းဘန်ကာများကို ဖျက်ဆီးကာ စစ်အုပ်စုအလောင်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ထနောင်းကုန်းပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ဘန်ကာတွေကို ဖျက်ဆီးရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်းတွေ ရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅ တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူများ၏ မိသားစုဝင်များကို MDY-PDF ကူညီထောက်ပံ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနဲ့ ရေထွက်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်ခဲ့သည့် လောင်းလုံးတွင် စစ်အုပ်စုဘက်က ထိခိုက်သေဆုံး များပြားကာ ရေတပ်ပစ်ကူယူခဲ့ရ

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့ပေါ်က စစ်ကောင်စီအခြေစိုက်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများခဲ့ပြီး ရေတပ်ကနေပါလက်နက်ကြီးပစ်ကူပေးခဲ့ရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ယူရေး လိုအပ်တဲ့ ကွန်ပျူတာ ဝယ်ဖို့ဆိုပြီး အုပ်ချုပ်ရေးမှူး ပိုက်ဆံလိုက်ကောက်နေ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ ရေငံကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်း ကောက်ယူရာမှာ အသုံးပြုဖို့အတွက် ကွန်ပျူတာဝယ်ဖို့ဆိုပြီး အိမ်ထောင်စုတစ်စုကို ကျပ်ငွေ ၃ထောင်စီ အတင်းအဓမ္မ ကောက်ယူထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။