အာဏာကို မက်မောနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် သီတင်းကျွတ်ကာလကို ပြည်သူတွေဟာ နိုင်ငံတဝန်း မငြိမ်းချမ်းမှု၊ လွတ်လပ်မှု ပျောက်ဆုံးခြင်းတွေနဲ့ ဖြတ်သန်းနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား” မှာ ထည့်သွင်းပြောကြားထားပါတယ်။
“သီတင်းကျွတ် အခါသမယဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးအထူးကို အောက်မေ့သတိရ ပူဇော်ကြပြီး လူမျိုးဘာသာမရွေး ချစ်ခင်သူမိသားစုများ၊ မိတ်ဆွေအပေါင်းသင်းများ စုံညီစွာနဲ့ ပျော်ရွှင်နွေးထွေးစွာ ဖြတ်သန်းရတဲ့ ရက်မြတ်ချိန်ခါဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုင်းပြည်အကျိုးထက် အာဏာလောဘမက်မောတဲ့ စစ်အုပ်စု လူတစ်စုရဲ့ မတရားအဏာလုယူမှု၊ အကြမ်းဖက်မှုတွေကြောင့် ချစ်ခင်သူ မိသားစု၊ မိတ်ဆွေတွေ စုံညီမှုမရှိနိုင်ဘဲ ဝေးကွာနေကြရပြီး နိုင်ငံတဝန်း မငြိမ်းချမ်းမှု၊ လွတ်လပ်မှုတို့ ပျောက်ဆုံးခြင်းတို့ကို ဝမ်းနည်းစွာ ကြုံတွေ့နေကြရပါတယ်။” လို့ ယာယီသမ္မတက ပြောကြားထားပါတယ်။
ဒါ့အပြင် ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူတွေ ခေတ်ဆိုးက လွတ်မြောက်ပြီး မိသားစုတွေ အမြန်ဆုံစည်းနိုင်ကြဖို့ကိုလည်း ဆန္ဒပြု ဆုမွန်ကောင်း တောင်းထားပါသေးတယ်။
“ပြည်သူများအားလုံးခေတ်ဆိုး စစ်အာဏာရှင် စနစ်ဆိုးအောက်မှ အမြန်ဆုံး ကင်းလွတ်ပြီး ငြိမ်းချမ်း သာယာ စည်ပင် ဝပြောစွာဖြင့် ပူပန် ကင်းဝေး ဘေးငြိမ်းလျက် မိသားစုအပေါင်း အမြန် ဆုံစည်းနိုင်ကြစေကြောင်းလည်း ဆန္ဒမွန်ပြုလိုက်ပါတယ်။” လို့ NUG ယာယီသမ္မတက ပြောကြားထားပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့်ဒေသများအတွင်း ထိုးစစ်ရပ်နားထားမှုကို တစ်ပတ် သက်တမ်းတိုးမည်ဟု NUGဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ငလျင်ဘေးသင့်ဒေသတွေမှာ ထိုးစစ်ဆင်မှု​အားလုံးကို ရက်သတ္တပတ် နှစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီး နောက်ထပ်တစ်ပတ် ထပ်မံသက်တမ်းတိုးမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က စစ်ကိုင်းငလျင်ကြီး(Major Earthquake)တုန့်ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

မောင်တော နခခ(၅) က ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းကို တပ်ဖွဲ့အင်အား ၈၀ ကျော်နဲ့အတူ AA အရှင်ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နယ်ခြားစောင့်ရဲစခန်း နခခ(၅) ကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း ပါဝင်တဲ့ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အာရက္ခတပ်တော်(AA) က ဖမ်းဆီးရမိတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်း သတင်းဌာနတွေက ဖော်ပြလာပါတယ်။
Read More

မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်တပ်ကင်းပုန်းကို MBT ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၅ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းရဲ့ ကင်းပုန်းကို တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု လေတပ်အရာရှိ ၅ ဦးအပါ ၁၁ ဦး သေပြီး လေတပ်အရာရှိ ၈ ဦးအပါ ၂၀ ဦး ပြင်းထန်ဒဏ်ရာရ၊ လေယာဥ် ၂ စီးနှင့် ဆီဂိုဒေါင်အပါ အဆောက်အဦးအချို့ မီးလောင်ပျက်စီး

ပဲခူတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ကေတုမတီလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လေတပ်အရာရှိ ၅ ယောက်အပါအဝင် ၁၁ ယောက် ပွဲချင်းပြီး သေဆုံးပြီး အရာရှိ ၈ ယောက်အပါအဝင် အယောက် ၂၀ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် စောရွှေမောင်းတို့ကို KNU မှ အပြီးတိုင် ထုတ်ပယ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးနဲ့ တပ်မဟာ (၆) ဒူးပလာခရိုင်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောရွှေမောင်းတို့ကို KNU ကနေ အပြီးတိုင် ထုတ်ပယ်လိုက်ပြီလို့ KNU ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက အတည်ပြုပြောဆိုပါတယ်။
Read More

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ လိုအပ်တဲ့ UID ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားဟုဆို

နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာမှာ လိုအပ်တဲ့  UID (Unique ID) ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။