ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်၊ လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီရဲ့ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ YGN Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မနေ့က အောက်တိုဘာ ၁၆ ရက်၊ ညနေ ၆ နာရီဝန်းကျင်အချိန်မှာ အဆိုပါ တပ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ထိခိုက်သေဆုံးမှုတွေကိုတော့ မသိရှိရသေးပါဘူး။
Dark Shadow အဖွဲ့အနေနဲ့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သတိပေးတဲ့အနေနဲ့ အခုလို တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရှေ့ဆက်ပြီးလည်း တိုက်ခိုက်ချေမှုန်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။
ပြည်သူတွေလည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေ၊ စစ်ကောင်စီလက်အောက်ခံ ရဲ၊ ပျူစောထီးတွေ စုဝေးရာနေရာကို မသွားကြဘဲ ဝေးဝေးကနေသာ ရှောင်ရှားသွားလာပေးဖို့ မေတ္တာရပ်ခံတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ အထက်ပါမစ်ရှင်ကို ဖော်ဆောင်ခဲ့ကြတဲ့ ရဲဘော်တွေကလည်း ဘေးကင်းရာနေရာကို ရောက်ရှိနေပြီလို့ သိရပါတယ်။
(ပုံဟောင်းကို အသုံးပြုထားပါတယ်)
0 Shares:
You May Also Like
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ယောက် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည် တပ်ဖွဲ့) က အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရိဒ်ခေါ်ဒါရ်မြို့မှ CNDF တပ်များ ပြန်လည်ဆုတ်ခွာ၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ဆွေးနွေးမှုများ ဆက်လက်ရှိနေ …

" မြေပြင်စစ်ရေးဖိအားကြောင့် CNO/CNDF က ပြန်လည်ဆုတ်ခွါသွားတာပါ။ အခုလက်ရှိမှာတော့ မူလ ဒေသခံပြည်သူတွေ လက်ထဲ ပြန်ရောက်ပါပြီ။ Rihkhuadar စစ်ရှောင်တွေ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်လာနေကြပြီ" လို့ CNF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အံတုကာ အာဏာရှင်အမြစ်ဖြတ်ရေး လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးခရီး ၅ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ရဲဘော်တွေ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ တော်လှန်ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အံတုကာ အာဏာရှင်အမြစ်ဖြတ်ရေး လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးခရီး ၅ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ရဲဘော်တွေ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ တော်လှန်ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေပါတယ်။ နွေဦးတော်လှန်ရေးရဲဘော်တွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာပြား စတဲ့ စစ်သုံးပစ္စည်းတွေ လိုအပ်ချက်ရှိသလို အဓိက လိုအပ်နေတဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ယူနီဖောင်း၊ အဝတ်အထည် စတာတွေအတွက် ထောက်ပို့ကမ်ပိန်းတွေ အသီးသီး လုပ်ဆောင်နေကြရာ အဆိုပါ ကမ်ပိန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
Read More

ဒိုက်ဦးထောင်က နိုင်ကျဉ်းတစ်ယောက်ဆီမှာ ဆေးလိပ်အခွံ တွေ့တယ်ဆိုပြီး ထောင်ပိုင်တွေက ရိုက်နှက်နှိပ်စက်

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ထံက ပွတ်ချွန်း (ဆေးလိပ်လိပ်ရာမှာ အသုံးပြုတဲ့ စက္ကူ) တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ပိုင်တွေက အဲဒီနိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်ကို စစ်အုပ်စု Gyrocopter ၂ စီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အကြမ်းဖက်စစ်တပ်က Gyrocopter ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေဆီက သိရပါတယ်။