စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင်က ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ရဲဘော် ဘိုကလေးအတွက် မိခင်တပ်ဖွဲ့က ဝမ်းနည်းကြောင်း မနေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းခရိုင်အမှတ် (၅) တပ်ရင်း၊ မြောင်မြို့နယ် တော်လှန်ရေးတပ်က ရဲဘော် ဘိုကလေးဟာ စက်တင်ဘာ ၁၇ ရက် မနက်အစောပိုင်းမှာ ကျဆုံးခဲ့တာဖြစ်ပြီး ပင်လယ်ဘူးမြို့သိမ်းပိုက်ပြီးတဲ့ အခုချိန်မှသာ ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။
ကျဆုံးရဲဘော်ဟာ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကာ အသက်ပေး စွန့်လွှတ်ခဲ့တဲ့အတွက် မြောင်မြို့နယ် တော်လှန်ရေးတပ်အနေနဲ့ ဂုဏ်ပြုဦးညွှတ်ကြောင်း သဝဏ်လွှာကို ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၁၅ ရက်မှာ စတင်ခဲ့တဲ့ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးဟာ ရက်ပေါင်း ၅၄ ရက်အကြာ အောက်တိုဘာ ၈ ရက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက အလုံးစုံထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ပုံစာ – ကျဆုံးရဲဘော် ဘိုကလေး
