စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကြယ်နီတပ်ဦး (RSF) က ထုတ်ပြန်ထားပါတယ်။
ခင်ဦးမြို့ပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မွန်းလွဲပိုင်းမှာ ဒုတိယအကြိမ် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီနေ့ ညနေပိုင်းမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ လက်နက်ခဲယမ်းလိုအပ်ချက်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ထိတွေ့တိုက်ပွဲ နှစ်ကြိမ်အတွင်းမှာ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုကိုတော့ အတိအကျ မသိရသေးဘူးလို့ ကြယ်နီတပ်ဦးက ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲ တော်လှန်ရေးပူးပေါင်းတပ်ဖက်က နှစ်ယောက် (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုကို ကြယ်နီတပ်ဦး (RSF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ အခြားတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကြယ်နီတပ်ဦး
0 Shares:
You May Also Like
Read More

၂၀၂၄ အတွင်း စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိ အပါအဝင် ၄၇၅ ယောက် အလင်းဝင်ခဲ့တယ်လို့ NUG ပြော

အကြမ်းဖက်စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်  ၄/၂၀၂၄ မှာ ပြောဆိုခဲ့ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေနဲ့ တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါ စစ်ကောင်စီတပ်သား ၁၀ ဦး သေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း ထိမှန် မီးလောင်ခဲ့ပြီး အရာရှိအဆင့် ၂ ယောက်အပါ စုစုပေါင်း ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းသင်တန်းသားတွေကို ထောက်ပံ့ဖို့ဆိုပြီး ဧရာဝတီတိုင်းထဲမှာ ပိုက်ဆံကောက်နေ

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ လုပ်နေတဲ့အပြင် စစ်သင်တန်းသားတွေအတွက် ထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဉ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ငွေကြေးကောက်ခံမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

ပျူစောထီးရွာကို ပို့ဆောင်မယ့် ရိက္ခာကားကို PDF က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့

မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ရိက္ခာပို့ဆောင်ပေးသူများကို PDF တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းပြီးနောက် မေလအတွင်း သေဆုံးသူ (၁၇) ဦးအထိရှိဟု AAPP ထုတ်ပြန်…

မေလ ၁ ရက်ကနေ ၂၈ ရက် ဒီနေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးခဲ့သူ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁၆) ယောက် စုစုပေါင်း (၁၇) ယောက် ရှိခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံကုန်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲ ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က စစ်ကောင်စီတပ်စွဲရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။