အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စက်တင်ဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၁၄၇) ယောက် သေဆုံးပြီး (၉၆) ယောက် ဒဏ်ရာရကာ () ယောက်ကို အရှင်လက်ရဖမ်းဆီးရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ စခန်းသိမ်းတိုက်ပွဲ ၃ ကြိမ်အပါအဝင် ထိတွေ့တိုက်ပွဲပေါင်း (၆၆)ကြိမ်၊ စကစသတင်းပေးဒေါက်တိုင်တွေကို ရှင်းလင်းတိုက်ခိုက်မှု ()ကြိမ်၊ စစ်ကောင်စီစခန်းတွေနဲ့ စစ်ကြောင်းတွေကို ဒရုန်းနဲ့တိုက်ခိုက်မှု (၂၄)ကြိမ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှု၊ စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား  (၁၄၇) ယောက် သေဆုံးကာ (၉၆) ယောက် ဒဏ်ရာရပြီး သုံ့ပန်းအနေနဲ့ အရှင်လက်ရဖမ်းဆီးရမိခဲ့သူ () ယောက်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ဆိုပါတယ်။

မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိတဲ့ အချက်အလက်တွေကို ချန်လှပ်ထားတာကြောင့် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးဦးရေမှာ အခုထက် များပြားနိုင်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဆီက ရိက္ခာကားတစ်စီး၊ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းအမြောက်အများ၊ ဆန်အိတ် (၄၀၀)ကျော်၊ RPG-7 ကျည် အလုံး ၁၀၀၊ ၆၀မမ ကျည် ၅၂လုံး၊ လက်ပစ်ဗုံးတွေနဲ့ ဆွဲမိုင်းတွေ သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း ပျက်စီးဆုံးရှုံးမှုအနည်းငယ် ရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဘက်က ရဲဘော် (၁၇) ယောက် တိုင်းပြည်အတွက် ရဲဝံ့စွာအသက်ပေးလှူသွားပြီး  (၄၈) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်

စစ်ကောင်စီတပ်ဟာ ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေအတွင်း တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းဗုံးသီးတွေ ကြဲချခြင်း၊ လက်နက်ကြီးနဲ့ နေ့စဥ်ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းက တိုက်ခိုက်ခြင်းနဲ့ ပြည်သူတွေကို အကြောင်းမဲ့ဖမ်းဆီးရှင်းလင်းခြင်းတွေကြောင့် စက်တင်ဘာလအတွင်း အပြစ်မဲ့ပြည်သူ (၁၂) ယောက် သေဆုံးပြီး (၄၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၂၉၃) ယောက် မတရားဖမ်းဆီးခံခဲ့ရတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာတော့ တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ LDF များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (AD) ပူးပေါင်းတပ်ဖွဲ့တွေ ၊ KNU (KNLA,KNDO) နဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ဟန်ချက်ညီညီ ပူးပေါင်းပြီး စစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီကို အဘက်ဘက်က ထိုးနှက်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း တန်ပြန်တိုက်စစ်အနေနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင်တပ်ရင်း (၄) ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၀)၊ ပဲခူးခရိုင်တပ်ရင်း (၄) ရဲ့ အပတ်စဉ်(၁/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ၊ တပ်စုဖွဲ့တည်ထောင်ခြင်းနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၅ ဦး လက်နက် ၂ လက်နှင့်အတူ KNU တပ်မဟာ (၄) ထံအလင်းဝင်

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းရေးတပ်ထဲ အပို့ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံး

ရှမ်းပြည်နယ်၊ တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ပျက်စီးရှုံးဆုံးနေတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်လာပါတယ်။
Read More

အကျဥ်းထောင်အတွင်း မသေသင့်ဘဲ သေဆုံးခဲ့ရသည့် နိုင်ကျဥ်းများအတွက် စစ်ကောင်စီကို လုံးဝ ခွင့်မလွှတ်ဘဲ တရားမျှတမှုရယူသွားမည်ဟု လွှတ်တော်ကိုယ်စားပြုကော်မတီများ ကြေညာ

စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေထဲမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံရကာ နိုင်ငံရေးအကျဥ်းသားတွေ မသေဆုံးသင့်ဘဲ သေဆုံးနေရတဲ့အပေါ် စစ်ကောင်စီနဲ့ လက်ပါးစေတွေကို ခွင့်လွှတ်မှာ မဟုတ်ဘဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ တရားမျှတမှု ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေဘိုမှာ ပေါ်တာဆွဲခံရတဲ့ စစ်ကောင်စီတပ်သားသစ် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမှာ စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူတော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဒိုက်ဦးထောင်မှာ နိုင်ကျဉ်းတစ်ယောက်ကို အပြစ်ကျူးလွန်ခြင်းမရှိဘဲ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုထက်လင်းဦး (ခ) အိုဝမ်းကို ထောင်အာဏာပိုင်တွေက အပြစ်ကျူးလွန်ထားခြင်းမရှိဘဲ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။