တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု ၁၉ မိုင်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ သန်းခေါင်စာရင်း ကောက်ယူပြီးစီးလို့ အောင်ပွဲခံ စားသောက်နေချိန် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဝင်ရောက်စီးနင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ပျူစောထီး ဦးနောင်နီနဲ့ ဦးဘဦးတို့ ၂ယောက် သေဆုံးခဲ့ပြီး ကျန်တဲ့လူတွေက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

သူတို့ကို အကြိမ်ကြိမ် သတိပေးထားတယ်။ အဲဒါကို မလိုက်နာဘဲ စစ်မှုထမ်းဥပဒေကိစ္စနဲ့ သန်းခေါင်စာရင်းကိစ္စ ပြီးလို့ဆိုပြီး အောင်ပွဲခံနေကြတာ။ သတင်းရလို့ သွားရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါလို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကော့သောင်း ပကဖ အနေနဲ့ စစ်မှုထမ်းဥပဒေကိစ္စနဲ့ သန်းခေါင်စာရင်း ကောက်ယူမှုတွေကို ကန့်ကွက်ကြောင်းနဲ့ အဲဒီကိစ္စရပ်တွေမှာ ပူးပေါင်းပါဝင်မှု မလုပ်ကြဖို့ အကြိမ်ကြိမ် သတိပေးထားပေမယ့် ဂရုမစိုက် မလိုက်နာတာကြောင့် အခုလို ဝင်ရောက်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ပြည်သူနဲ့ မပူးပေါင်းဘဲ စစ်ကောင်စီအလိုကျ လိုက်လုပ်နေတဲ့ စစ်တပ်သတင်းပေး၊ သူလျှို၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး စတဲ့ စစ်တပ်ထောက်တိုင်တွေကို အရှိန်အဟုန်မြှင့်ပြီး အရေးယူသွားမယ်လို့ ကော့သောင်းမြို့နယ် ပကဖ က အသိပေးထားပါတယ်။

ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

အမျိုးသမီးတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ PDF ဒုတပ်ခွဲမှူးကို ထောင်ဒဏ် (၁၀) နှစ်ချမှတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာက အမျိုးသမီးတစ်ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) - ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့တယ်လို့ အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ​ပေါ်​ပေါက်ခဲ့တာကြောင့် ကျူးလွန်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်တွေကို Red Wolves of Mogok တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပုသိမ် – မုံရွာကားလမ်းမပေါ်မှာ ပြည်သူပိုင်ယာဉ်တွေကို အသုံးပြုပြီး စစ်ကောင်စီက တပ်ပြောင်းရွှေ့နေ

စစ်ကောင်စီက ပုသိမ် - မုံရွာကားလမ်းမပေါ်မှာ သာသနာပိုင်ယာဥ်များ၊ လူနာတင်ယာဥ်များကို အသုံးပြုပြီး တပ်ရွှေ့ပြောင်းတာတွေလုပ်ဆောင်နေတာကြောင့် ပြည်သူတွေ အထူးဂရုပြုသွားလာကြဖို့ AYA PDF အမှတ် (၂၉) ဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။
Read More

အရာတော်တွင် တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ဖမ်းဆီးထားသည့် ဓားစားခံ ၄ ဦးနှင့် ဘုန်းကြီးတစ်ပါးအား ကယ်ထုတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

စဉ့်ကူးမှာ စျေးဆိုင်များကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၁၁) ဦး သေဆုံး၊ အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအဝင် ပြည်သူ (၁၁) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်းနှင့် ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ သရက်​ချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ ထားဝယ်ခရိုင်တပ်​ပေါင်းစု တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က အများအပြား သေပြီး RPG အပါ လက်နက်ခဲယမ်းတချို့ သိမ်းဆည်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း ၂ က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။