ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာမှာရှိတဲ့ 29 ရတနာဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ T.U.F (Together Urban Force ) အဖွဲ့က ထုတ်ပြန်လာပါတယ်။

အောက်တိုဘာ ၁၂ရက်၊ ညပိုင်းက တာမွေ၊ ကျိုက္ကစံလမ်း၊ ဦးချစ်မောင်အိမ်ရာ၊  တာမွေတံတားအတက်က 29 ရတနာဆိုင်() ရှေ့ ဗုံးပေါက်ကွဲခဲ့ပြီး မိနစ်အပိုင်းအကြာမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာကာ လမ်းပိတ်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အကြီးစားထောက်တိုင်လည်းဖြစ်သလို၊ အများပြည်သူနဲ့၀န်ထမ်းတွေအပေါ် မတရားခေါင်းပုံဖြတ် ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေကြောင့် ဒီလို ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ T.U.F (Together Urban Force) မြို့ပြပြောက်ကျားအဖွဲ့ကပြောပါတယ်။

ဖြစ်စဥ်နဲ့ အချိန်ခွာ ထုတ်ပြန်ခဲ့တာကတော့ ကျနော်တို့ရဲဘော်တွေရဲ့ လုံခြုံရေးပေါ့နော်။ ပြီးတော့သူတို့က စကစရဲ့ထောက်တိုင်အကြီးစားဖြစ်နေတာကြောင့် စောင့်ကြည့်ရတာလည်း ပါပါတယ်။ ရဲဘော်တွေ ဘေးကင်းတဲ့နေရာရောက်တော့မှ ထုတ်ပြန်လိုက်တဲ့သဘောပါပဲ။လို့ T.U.F (Together Urban Force) ရဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

Together Urban Force ၏ သတင်းထုတ်ပြန်ချက်

29 ရတနာဆိုင်ကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး မိုင်းချနေတုန်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်လာတာကြောင့် ပြန်ဆုတ်ရင်းနဲ့ပဲ ဖောက်ခွဲခဲ့ရတာဖြစ်ရပါတယ်။

ကျနော်တို့ရဲဘော်တွေ ဒီအဝေးမိုင်းကိုချပြီး အချိန်သိပ်မကြာဘူး။ စခ ရခ ထွက်လာတယ်ဆိုတဲ့အသံတွေကြားရတော့ ပြန်ဆုတ်ရင်း ဖောက်ခွဲခဲ့ရတယ်ပေါ့။ ဒီတော့ ထိခိုက်မှုရှိမရှိ သေချာမသိရပါဘူး။ နောက်ပြီး ကျနော်တို့အနေနဲ့ ဆိုင်မှာရှိနေတဲ့ ၀န်ထမ်းတွေ မထိခိုက်စေလိုတာကြောင့် သတိပေး ခြိမ်းခြောက်ရုံပဲ လုပ်ခဲ့တာပါ။လို့ T.U.F (Together Urban Force) ရဲ့တာဝန်ရှိသူက ပြောပါတယ်။

လက်တလောလူမှုကွန်ရက်စာမျက်နှာပေါ်က သတင်းပေ့ချ်တွေမှာ 29 ရတနာဆိုင်တာဝန်ရှိသူတွေရဲ့၀န်ထမ်းတွေအပေါ်အလုပ်သမားအခွင့်အရေးပေါ်ပေါ်ထင်ထင်ချိုးဖောက်မှုတွေ၊စပေါ်ငွေအကြောင်းပြပြီးတရားရင်ဆိုင်ရအောင်လုပ်ဆောင်တာတွေနဲ့စစ်ကောင်စီရဲ့အမာခံဒေါက်တိုင်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေပျံ့နှံ့နေပါတယ်။

29 ရတနာဆိုင်အနေနဲ့ နစ်နာသူ ၀န်ထမ်းတွေဆီက မတရားရယူထားတဲ့ စပေါ်ငွေတွေ၊ လျော်ကြေးငွေတွေ အလုံးစုံ ပြန်လည်ပေးအပ်ဖို့နဲ့ မတရားအမှုဆင်ထားတဲ့ အမှုတွေအားလုံးပိတ်သိမ်းပေးဖို့လည်း T.U.F (Together Urban Force) က တောင်းဆိုထားပါတယ်။

ကျနော်တို့အနေနဲ့ကတော့ အချက်အလက် တော်တော်များများကို လနဲ့ချီပြီးစုံစမ်းတယ်။ အသံတွေနားထောင်တယ်။ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ဘယ်လိုတော်စပ်ကြတယ်ဆိုတာမျိုးကအစပေါ့နော်။ ဒေတာအချက်အလက်တွေလည်း ရှိပါတယ်။ အများသိထားတဲ့ ပြောတဲ့အချက်အလက်လောက်နဲ့တော့ မလုပ်ပါဘူး။ ကျနော်တို့ကတော့ 29 တစ်ခုတည်းမှမဟုတ်ဘူး။ စကစ အပါအ၀င် ထောက်တိုင် မှန်သမျှကို သုတ်သင်ရှင်လင်းသွားမှာပါ။လို့ T.U.F (Together Urban Force) ရဲ့တာဝန်ရှိသူက ပြောပါတယ်။

စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအပြင် အများပြည်သူရဲ့ တောင်းဆိုချက်အရ အခုလို ဖောက်ခွဲမှုလုပ်ဆောင်ခဲ့တယ်လို့လည်း T.U.F က ထုတ်ပြန်ထားပါတယ်။ 29 ရတနာဆိုင်နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကြောင့် တော်လှန်ရေး အင်အားစုတွေကလည်း ရွှေဆိုင်အပေါ် သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ပုသိမ်-မုံရွာ လမ်းပိုင်းတွင် တိုင်းအဆင့်ရဲမှူးပါ ယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ ကား ၁စီး ပျက်စီးကာ ကျန်တဲ့ကား ၃ စီးဖြင့် ဒဏ်ရာရသူများကို တင်ဆောင်ထွက်ပြေးသွား

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ မင်းတုန်းမြို့ဘက်ကနေ ဝန်တွင်းကျေးရွာဘက်ဆီ မောင်းနှင်လာတဲ့ တိုင်းအဆင့် ရဲမှူးပါတဲ့ ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင်အတွင်း ဆိုင်ကယ်နောက်မှာ အမျိုးသား လိုက်ပါစီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်ထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ယောက် စီးနင်းတာနဲ့ အမျိုးသမီးတွေနောက် အမျိုးသားတွေလိုက်ပါ စီးနင်းတာမျိုးမလုပ်ဆောင်ကြဖို့ စစ်ကောင်စီ တားမြစ်လိုက်တာဟာ အရပ်သား​​​တွေ အခက်တွေ့အောင်လုပ်ဆောင်တာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

သြဂုတ်လအတွင်း Yangon Army (YA) ၏ ၃ခုမြောက်မစ်ရှင်အဖြစ် လှည်းကူး အောင်မင်္ဂလာရပ်ကွက်ရုံးကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက် စစ်တပ်လက်ပါးစေတွေရှိရာ အောင်မင်္ဂလာရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်လေးပင်မှာ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းများ တိုက်ခိုက်ချေမှုန်းခံရ၊ စစ်ဗိုလ် ၁ဦးအပါဝင် ၃ဦးသေ၊ ၅ဦးကျော်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အထိုင်ချထားတဲ့ မုက္ခမူနဲ့ ကြံဘိုကုန်းကျေးရွာဂိတ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ Fire Dragon PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။