စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ လုပ်သက်၂၅နှစ်ရှိ ဒုတပ်ကြပ် ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KBU-တောလေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၅ ရက်၊ မနေ့က မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ကျော်မင်းနိုင် ဆိုသူနဲ့ ပျူစောထီး ဝေဖြိုးအောင်တို့ကို KBU-တောလေးအဖွဲ့က  သတင်းအတိအကျရပြီး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒုတပ်ကြပ်ကျော်မင်းနိုင်ရဲ့ထွက်ဆိုချက်အရ ရည်စားဖြစ်သူနဲ့တွေ့ဆုံဖို့ ဇီးကုန်းမြို့ပေါ်ကိုရောက်ရှိနေရင်း ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

KBU-တောလေး အဖွဲ့ တာဝန်ရှိသူတွေရဲ့စစ်ဆေးချက်အရ အသက် ၄၅နှစ်အရွယ် ဒုတပ်ကြပ် ကျော်မင်းနိုင်ဟာ ကျောက်ပန်းတောင်းဇာတိဖြစ်ပြီး ကြံစိုက်ပျိုးရေးတပ်မှာ လုပ်သက် ၂၅ နှစ်နီးပါးတာဝန်ကျခဲ့ပြီး အခုအခါမှာတော့ ချင်မြစ်ကျင်းရွာ ပျူအထိုင်စခန်းမှာ ရောက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက်၂၇ နှစ်အရွယ် ပျူစောထီး ဝေဖြိုးအောင်ဟာ တန့်ဆည်နယ်၊ စံပယ်ဖြူကုန်းရိုး ဇာတိဖြစ်ပြီး ပျူစောထီးလုပ်သက် တစ်နှစ်ရှိပြီဖြစ်ကာ ချင်မြစ်ကျင်းပျူအထိုင်စခန်းမှာပဲ တာဝန်ကျနေသူလို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ရက်၊ ညနေပိုင်းကလည်း ဇီးကုန်းမြို့ပေါ် အရက်ဆိုင်မှာ အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ်၁ယောက်ကို KBU –တောလေးအဖွဲ့က သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

လက်ရှိမှာ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းရွာမှာအကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေအထိုင်ချတပ်စွဲထားတာကြောင့် ရွာခံအချို့နဲ့အနီးအနားကျေးရွာက ဒေသခံတွေ ရွာထဲမနေရဲဘဲ စစ်ဘေးရှောင်နေကြရတာ တစ်နှစ်ကျော်ရှိနေပြီလို့လည်း ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

 

(ဓာတ်ပုံ KBU-တောလေး)

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ်တွင် ဆွံ့အပြည်သူ ၁ ဦးအပါ ၉ ဦးကို စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ထဲမှာ ဆွံ့အပြည်သူ ၁ယောက် အပါအဝင် ၉ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ညှင်းပန်းနှိပ်စက်ကာ လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

ရက်စက်စွာ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ လင်းထက်အောင် (ခေါ်) Error ကို စစ်ကြောမှုမှာ ဘယ်သူတွေပါခဲ့လဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူတွေထဲက လင်းထက်အောင် (ခေါ်) Error ဆိုသူကို စစ်ဖက်ဆိုင်ရာလုံခြုံးရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးအဆင့်ရှိသူ ကောင်းမြတ်နဲ့ သူရဝင်းတို့က ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။…
Read More

ညောင်ပင်ကြီးစုရွာကို စစ်တပ် ပေါင် (၅၀၀) ဗုံးသီး ကြဲချတိုက်ခိုက်၊ အရပ်သားပြည်သူ (၂) ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ အကြောင်းမဲ့ ပေါင်(၅၀၀)ဗုံးသီး ကြဲချတိုက်ခိုက်ရာ အရပ်သားပြည်သူ(၂) ယောက် ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လေတပ်ဗိုလ်ကြီးကို PLA ပစ်ခတ်ရှင်းလင်း

စစ်ကောင်စီရဲ့ လေတပ်ဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

သတ်ဖြတ်ပြီး လိုချင်တာတောင်းတဲ့ခေတ် ကုန်သွားပြီလို့ ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီ လူငယ်တွေကို ဩဝါဒချွေ

လူငယ်တွေရဲ့ ဘဝဟာ သူများတွေရဲ့ ပါးစပ်ဖျားမှာ ဘဝလမ်းဆုံးနေပြီး နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမှုတွေကြောင့် တောထဲဝင်ကုန်တာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော် ပါတီဌာနချုပ်မှာ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ 
Read More

ကရင်နဲ့မွန်အစပ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဇီးနစ်ဒေသအနီီးမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။