စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ အရပ်ဝတ်နဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၆ရက်၊ ဒီနေ့မနက်အစောပိုင်းက မင်းကွန်းတိုက်နယ်၊ ကားလမ်းဘေး၊ မယ်တော်ကြီးဘုရားရှေ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရဲ၃ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်၁ယောက် အပါအဝင် အရပ်သား ၄ယောက် ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

ထိတဲ့အရပ်သား၄ယောက်မှာ ၂ယောက်က အသက်အန္တရာယ်စိုးရိမ်နေရတယ်။ အဲ့ထဲ ကလေးငယ်လည်းပါတယ်။လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်တာတွေအပြင် အခင်းဖြစ်ပွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်နဲ့ အနီးအနားနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဒီဖြစ်စဥ်နဲ့ပက်သက်လို့ နယ်မြေခံအဖွဲ့အစည်းတွေကို အကြောင်းမကြားဘဲ လုပ်ဆောင်ခဲ့တဲ့အတွက် လုပ်ဆောင်တဲ့အဖွဲ့အစည်းအနေနဲ့လည်း တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်လို့ မင်းကွန်း PDF က ထုတ်ပြန်ထားပါတယ်။

မင်းကွန်းပုထိုးတော်ကြီးနဲ့ မြသိန်းတန်ဘုရားရှိရာ မင်းကွန်းဒေသမှာ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး ပြီးခဲ့တဲ့လတွေတုန်းကလည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်အုပ်စုတွေ ပစ်ခတ်ခံရပြီး အရပ်သားနေအိမ်တွေ မီးရှို့ခံခဲ့ရပါသေးတယ်။

ဇူလိုင်လအတွင်း မင်းကွန်းရွာအနီးရှိ ရှားရောင်းရွာမှ စကစအကြမ်းဖက်စစ်သားများ မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်တစ်လုံး (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

နောင်ချိုမြို့တွင် အင်အားထောင်ချီသည့် စစ်တပ်ထိုးစစ်ကြောင့် ​အရပ်ဖက်ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားဟု TNLA ဆို၊ မေလမှ ဇူလိုင်လလယ်အထိ နောင်ချိုတွင် ၃၁၉ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့

ပြီးခဲ့တဲ့ မေလက စလို့ ဇူလိုင်လလယ်ပိုင်းအထိ စစ်ကောင်စီတပ်က နောင်ချိုမြို့တွင်းနဲ့ နောင်ချိုမြို့အနီးရှိ ကျေးရွာတွေကို ဦးတည်ပြီး မြေပြင်မှာ အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်ခြင်းတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံမှာ စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ သူ့အပေါင်းအပါ ပအိုဝ်း ပြည်သူ့စစ် (PNO) တပ်တွေက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ ထောက်ခံတဲ့ အဆိုတော် ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သီပေါရောက် စစ်ရှောင်များကို တအာင်းအမျိုးသမီးအဖွဲ့အစည်း စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က လိုအပ်တဲ့ စားနပ်ရိက္ခာတွေ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးအပါ ၅ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမြန်လမ်းပေါ် ပိုက်ဆံရှာနေတဲ့ စစ်အုပ်စု လက်ပစ်ဗုံးနဲ့ ပစ်ခံရလို ၁ယောက်သေ၊ ၂ယောက်ဒဏ်ရာရ၊ ဒေါက်တာဇော်မြင့်မောင်အတွက် သွေးကြွေးဆပ်တာ ဖြစ်တယ်လို UG ခေါင်းဆောင်ပြော

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း (လမ်းဟောင်း) ပေါ်မှာ ကားရပ်ပြီး ငွေညှစ် စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Mother Son မြို့ပြ UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။