ကချင်ပြည်နယ် ပန်ဝါဒေသက  စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) –၁၀၀၂ တပ်ဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်မှုအပြီး လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။

တိုက်ခိုက်မှုအတွင်း လက်နက်တွေနဲ့အတူ သေဆုံး နယ်ခြားစောင့်တပ်ဖွဲ့ဝင်အလောင်းတွေကိုပါ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပန်ဝါဒေသ လုတ်ပြေကျေးရွာအနီး စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းရဲ့ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်ကို မနေ့က အောက်တိုဘာ ၁၄ရက် ညနေပိုင်းလောက်မှာ   KIA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာပါ။

ပန်ဝါမြို့နဲ့ ငါးမိုင်ခန့်အကွာက  (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်(လုတ်ပြေ)ကို အောက်တိုဘာ ၁၄ ရက်မနက်ပိုင်းလောက်မှာ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ ညနေ ၆နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီက ခံစစ်အတွက် နယ်ခြားစောင့်တပ်မကျစေဖို့ ပန်ဝါဒေသကို ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

KIA ဟာ အောက်တိုဘာလကစတင်ကာ ချီဖွေနဲ့ ဆော့လော်မြို့တွေကို သိမ်းပိုက် အပြီး ပန်ဝါဒေသကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကာ နယ်ခြားစောင့်တပ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

(ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

တရားဥပဒေစိုးမိုးရေး အလေးထား ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

မြန်မာနဲ့တရုတ်ဟာ အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးနိုင်ငံတွေလို့ အစီရင်ခံစာမှာပြော

မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံတွေဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

ပေါင်းတည်ထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ် သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည် အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုလှမင်း (ခ) ကိုလှကြီးဟာ ရုတ်တရက် နှလုံးရပ်‌ သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲမှုဟာ ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ကြိုတင်လက်မှတ်တွေကို စုတ်ဖြဲနေကြ

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားခဲ့ပြီး အခုအခါ ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ပွဲလက်မှတ်တွေကို ဆုတ်ဖြဲလွှင့်ပစ်တာတွေ၊ ဝယ်ပြီးသားကို ပြန်လည်ရောင်းချတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။