ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မောင်ဆိုသူက ရပ်ကွက်အတွင်း စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီရွှေ့ဆိုင်းချင်ရင် ကျပ်ငွေ သိန်း ၄၀ တောင်းခံနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

ရပ်ကွက်ထဲက လူငယ်တွေ စစ်မှုထမ်းဖို့ကိစ္စနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်က သူ့လက်ထဲမှာ ရှိနေတဲ့အတွက် အုပ်ချုပ်ရေးမှူး မောင်မောင်က အခုလို ခြိမ်းခြောက် ငွေတောင်းခံနေတာ ဖြသ်တယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေထဲမှာ ပါဝင်နေသူတွေကို ခြိမ်းခြောက်ပြီး ငွေတောင်းနေတာ။ သူ့လက်ထဲမှာ စစ်မှုထမ်းစာရင်း ပါဝင်နေသူတွေရဲ့ နာမည်နဲ့လိပ်စာတွေ အတိအကျ ရှိနေတယ်။ ယာယီပြောင်းရွှေ့ချင်တာနဲ့ ရှောင်ရှားလိုတဲ့သူတွေ သူ့ကို တစ်ယောက် ကျပ်ငွေ သိန်း၄၀ ပေးရမယ် ပြောနေတယ်လို့ ဒေသခံပြည်သူတစ်ယောက်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်း အပတ်စဉ် ၅ အတွက် စုဆောင်းခံရသူတချို့ (ဓာတ်ပုံ CJ)

သူက ရပ်ကွက်ထဲမှာ အိမ်ခြံမြေအရောင်းအဝယ်တွေနဲ့ အိမ်ရှင်အိမ်ငှားကိစ္စတွေကအစ လုပ်စားနေတာ။ ဧည့်သည်လာလို့ ဧည့်စာရင်းတိုင်ရင်လည်း သူ့ရုံးကို ပိုက်ဆံပေးရတယ်။ ဘယ်ရွေ့ဘယ်မျှဆိုတာ မသတ်မှတ်ထားပေမယ့် အလှူခံပုံးလုပ်ထားပြီး ငွေထည့်ခိုင်းတယ်။ အိမ်ငှားရင်လည်း သူ့ဆီမှာ စာချုပ်ချုပ်ခိုင်းပြီး အနည်းဆုံးသူ့ကို ကျပ်၂သောင်းပေးရတယ်။ အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့သူတွေဆိုရင်လည်း သူကပဲ သူ့အရှေ့မှာ စာချုပ်ချုပ်ခိုင်းပြီး သူ့အတွက် အနည်းဆုံး ကျပ် ၂သိန်းပေးရတယ်လို့ အထက်ပါ ဒေသခံကပဲ ပြောပြပါတယ်။

စစ်မှုထမ်းဖို့ တိမ်းရှောင်သူတွေကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၃နှစ်ကနေ ၅နှစ်အထိ ချမှတ်နိုင်ကြောင်းနဲ့ စစ်မှုမထမ်းချင်လို့ ကျန်းမာရေးမကောင်းသူ မသန်စွမ်းသူအဖြစ် ဟန်ဆောင်သူတွေကို ထောင်ဒဏ် ၅နှစ်အထိ ချမှတ်နိုင်ကြောင်း ထုတ်ပြန်ထားပေမယ့် အုပ်ချုပ်ရေးမှူးတွေက ဒီအပေါ်မှာ အခွင့်ကောင်းယူပြီး ခြိမ်းခြောက် ငွေတောင်းခံမှုတွေ လုပ်နေကြတယ်လို့ ပြည်သူတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ကလေးငယ်များအပါ အရပ်သား ၈ ဦးသေဆုံးခဲ့သည့် ဆဒုံးမြို့ပေါ် စစ်တပ်ဗုံးကြဲမှု လူမဆန်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောဆို…

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ KIO က ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “မင်းတို့တတွေ လူမဟုတ်တော့ဘူး” လို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပြီး ကလေးငယ်တွေ သေဆုံးနေတဲ့ ဓာတ်ပုံ ၂ ပုံနဲ့ ဖော်ပြထားတာပါ။
Read More

ဝင်းကံကျေးရွာနှင့်ကရဝေးဆိပ်ရွာများတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ( ၁ ) ဦးသေ၊ ( ၄ ) ဦးဒဏ်ရာရ၊ နေအိမ် ( ၁၉ ) လုံးထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရကာ နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ကျင်းပဖို့ ရည်ရွယ်ထားသည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်း

ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့  ထိုင်းသံရုံးက မနေ့က မတ်လ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ကြေညာလိုက်ပါတယ်။  
Read More

CRPH ၏ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဗကသများအဖွဲ့ချုပ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသည့်လုပ်ရပ်များ မလုပ်ခဲ့သလို NUG လည်း လုပ်ဆောင်မှာမဟုတ်ဘူးလို့ ကတိပြုကြောင်း ယာယီသမ္မတ ပြောကြား

"ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံမှုကနေ လွတ်မြောက်ဖို့အတွက်၊ သားဖြစ်သူ "Kim" ကိုယ်တိုင်၊ ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ဖိဖိစီးစီးပါဝင်နေတာကို တွေ့ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ "Kim" ဟာ သူ့မိခင် အသက် (၈၀) ပြည့်အချိန်အထိ၊ အကျဉ်းကျခံနေရလိမ့်မယ်လို့ မျှော်လင့်ထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးလောကဓံတွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ မိခင်ဖြစ်သူအတွက် သားဖြစ်သူ "Kim" ဟာ လေးစား ဂုဏ်ယူနေမှာ အသေအချာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သားဖြစ်သူ "ကင်ရဲ့ မိခင်" ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ " လို့ ယာယီသမ္မတက ဆိုပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အပြီးသတ် အနိုင်ယူရေး PDF တပ်မှူးကြီးများ အစည်းအဝေး ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၅) ကို အောင်မြင်စွာ ၃ရက်တာ ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။