စက်တင်ဘာလအတွင်း ပြည်သူ့တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်း စခန်းသိမ်းတိုက်ပွဲနဲ့ စစ်ရေးတိုက်ခိုက်မှု ၁၂ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီး ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်မှုတွေ ရရှိခဲ့ကြောင်း စစ်ရေးသတင်းတွေကို အကျဉ်းချုပ်ဖော်ပြလေ့ရှိတဲ့ PDF Insight က ထုတ်ပြန်ပါတယ်။

စစ်ရေးဖော်ဆောင်မှုတွေအတွင်း စခန်းသိမ်းတိုက်ပွဲတွေ၊ စစ်ဌာနချုပ်တွေကိုတိုက်ခိုက်မှု၊ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုတွေပါဝင်ခဲ့ပြီး ရာနှုန်းပြည့်တိုက်ပွဲတွေမှာ အောင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် စစ်ရေးဖော်ဆောင်မှုတွေမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ PDF နဲ့ ပကဖတပ်ဖွဲ့တွေက အဓိက တိုက်ပွဲတွေ ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ထိရောက်တဲ့ စစ်ရေးပစ်မှတ်တွေ အဖြစ် လျှပ်တပြတ်စစ်ရေးတိုက်ခိုက်မှုမှာ မန္တလေးမြို့မှာရှိတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို Brave Warriors for Myanmar (BWM) နဲ့ Shadow Mandalay တို့ ပူးပေါင်းထားတဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေဟာ (၁၀၇) မမ ဒုံးကျည် (၁၀)လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။

ထင်ရှားတဲ့ တိုက်ခိုက်မှုအဖြစ်ရွှေကူမှတဆင့် ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်သို့ လက်နက်ခဲယမ်း နှင့် စစ်ကူများ တင်ဆောင်လာသည့် သင်္ဘော () စီးကို ကချင်လွတ်လပ်ရေး တပ်မတော် နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းမှာလဲ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ၃ နှစ်ကျော် တပ်စွဲထားခဲ့တဲ့ မဒေါင်းလှပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ နှင့် ဒေသခံ တော်လှန်ရေး အဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် () စီး၊ ထောက်ပို့လေယာဉ် () စီး အသုံးပြုကာ အကြိမ် (၂၀) ထက် မနည်း ဗုံးကြဲ တိုက်ခိုက်နေခဲ့တဲ့ကြားက တော်လှန်ရေး မဟာမိတ် အင်အားစုတွေက အနိုင်ယူ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

မြေပြင်စစ်ရေး ဖော်ဆောင်မှုတွေ အပြင်ထူးခြားချက်အဖြစ် ရေကြောင်းတိုက်ပွဲအချို့မှာလည်း အောင်မြင်မှုတွေရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ စက်လှေတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကိုင်းခရိုင် အမှတ် () တပ်ရင်းက တိုက်ခိုက်ရာ စစ်သား (၁၇) ဦး သေဆုံးပြီး လှေ () စီး ကို နှစ်မြှပ်နိုင်ခဲ့ပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကုန်းကြောင်း၊ ရေကြောင်း စစ်ဆင်ရေးတွေ အားလုံးမှာ တော်လှန်ရေး မဟာမိတ် အင်အားစုတွေကို ဆက်တိုက်ရှုံးနိမ့်နေတယ်လို့ PDF Insight က ထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ PDF Insight)
0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်အတွင်း မူးမြစ်တစ်လျှောက် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ဒီပဲယင်းမြို့နယ် ပအဖ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေအတွက် အရေးကြီးတဲ့ မူးမြစ် တစ်လျှောက် ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆည်မြောင်းဌာန၊ စိုက်ပျိုးရေးဌာနတို့နဲ့ ဒေသတွင်းရှိတောင်သူတွေ ပူးပေါင်းပြီး ရေလမ်းရှင်း အမှိုက်ဆည်ယူခြင်း၊ ခြုံနွယ်တွေ ရှင်းလင်းခြင်း စတဲ့လုပ်ငန်းတွေကို အခုနှစ် ဇူလိုင်လ စိုက်ပျိုးချိန်အမီ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက်မှထွက်သည့် မီးခိုးငွေ့ကြောင့် မိသားစုဝင် ၄ ဦးနှင့် အိမ်မွေးခွေး ၁ ကောင် အသက်ရှုရပ် သေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ အိမ်မွေးခွေး ၁ ကောင်ဟာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် အသက်ရှုရပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

တပ်မ ၁၀၁နဲ့ လက်အောက်ခံတပ်ရင်းတွေကို အဝေးပစ်ဒုံး ပစ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး အများအပြားထိခိုက်

ပခုက္ကူတပ်မ ၁၀၁ အပါအဝင် လက်အောက်ခံ တပ်ရင်းတွေကို အဝေးပစ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သားလိုင်းခန်းတွေပေါ် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေကာ အများအပြားထိခိုက်သွားကြောင်း Cobra One အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နပခ (အမ်း) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူးအပါအဝင် ဗိုလ်မှူးချုပ်၂ ဦးကိုပါ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ AA ကတရားဝင်ထုတ်ပြန်

အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက်မှာ အာရက္ခတပ်တော် AA ကထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ကျောက် ပြုတ်၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြားမှ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အုတ်ဂူပေါ် ဖိနပ်စီးပြသည့် စစ်တပ်​​လော်ဘီ ကျော်စိုးဦး၏ လုပ်ရပ်သည် အင်မတန် အောက်တန်းကျကြောင်း ပြောဆိုဝေဖန်မှုများ ရှိနေ

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေမြုပ်နှံထားရာ အုတ်ဂူတွေအပေါ် ​ခြေထောက်တင် ဖိနပ်ကြိုးစီးပြတဲ့ အကြမ်းဖက်စစ်တပ်လော်ဘီ ကျော်စိုးဦးဆိုသူရဲ့လုပ်ရပ်ဟာ အမတန်ရိုင်းစိုင်းအောက်တန်းကျကြောင်း တော်လှန်ရေးအင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေ​​က ပြင်းပြင်းထန်ထန် ပြောဆိုနေကြပါတယ်။