ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးကို ဒုတိယအကြိမ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။

မနေ့က အောက်တိုဘာ ၁၄ ရက်၊ မနက်ပိုင်းမှာ အဆိုပါ အုပ်ချုပ်ရေးမှူးဝင်းဇော်ဆိုသူဟာ သူရဲ့ တပည့်ဖြစ်သူနဲ့ အတူ အိမ်စီးကားနဲ့ ဈေးသွားစဉ် တောင်ညိုသုံးဆယ်၊ ပန်းဆွဲလမ်းမ၊ သာယာကုန်းရွာဘေးမှာပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကျနော်တို့က သူတို့လာမယ့်လမ်းကနေ ကြိုစောင့်ပြီးတော့ ရှေ့ကနေ ဆိုင်ကယ်နဲ့ ပိတ်ရပ်ပြီး ပစ်တာပေါ့နော်။ ကားပေါ်မှာက သူနဲ့ သူ့တပည့်နဲ့ ၂ယောက်ရှိနေတာ။ သူကရှေ့ခန်းကမောင်းပြီး သူ့တပည့်က နောက်ခန်းမှာ သေနတ်ကိုင်ထားတယ်။ ကျနော်တို့ဘက် ပစ်ပြီးတော့ သူတို့ကပြန်ပစ်ဖို့ လုပ်တော့ လမ်းမှာက ပြည်သူတွေရှိနေတာနဲ့ ထိခိုက်မှာ စိုးလို့ ပြန်ဆုတ်ခဲ့ပါတယ်လို့  သာယာဝတီဂဠုန်တပ်ဖွဲ့မြို့ပြစစ်ရေးတာဝန်ခံတံခွန်က မောင်းကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဝင်းဇော် ပထမအကြိမ် အပစ်ခံရမှု အချက်အလက်များ

ပစ်ခတ်ပြီးတော့ ၁၀ မိနစ်လောက်အတွင်းမှာပဲ ဖြစ်စဉ်အနီးနားမှာ ရှိနေတဲ့ စစ်ဆေးဂိတ်က စစ်ကောင်စီတပ်သားတွေ ရောက်လာခဲ့ပြီး ညအထိကို လမ်းပိတ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်  တော်လှန်ရေးရဲဘော်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

ပစ်ခတ်ခံရတဲ့အုပ်ချုပ်ရေးမှူးဝင်းဇော်ဟာပစ်ခတ်ခံရတဲ့ဒဏ်ရာပြင်းထန်တာကြောင့်ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ထားရပြီးတပည့်ဖြစ်သူဘိုစိုးကတော့ဝမ်းဗိုက်ထိမှန်ဒဏ်ရာကြောင့်သာယာဝတီဆေးရုံမှာအတွင်းလူနာအဖြစ်ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

သူကပဲဆက်လက်ပြီးပြီးခဲ့တဲ့ ၂၀၂၂၊ ၈လပိုင်းမှာတစ်ခါ ပစ်သေးတယ်။ အဲ့တုန်းက လက်နက်မကောင်းတော့ ဂျန့်ဖြစ်သွားတာ သူလွတ်သွားတယ်ပေါ့နော်။ အဲ့တုန်းကတော့ နားထင်ရှပ်ထိတာပါ။လို့ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ဝင်းဇော်ဟာ ကျေးရွာမှာ ပြည်သူ့စစ်များစွာကို လက်သပ်မွေးထားပြီး ရှေ့မကြာခင် လပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လက်ပံတန်း ရေငံ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့အပြင် ရွာတွေက စစ်ရှောင်ပြည်သူတွေ ထားခဲ့ရတဲ့ အိမ်ထောင်ပရိဘောဂတွေ၊ လယ်ယာသုံးပစ္စည်းတွေကို ပြန်လည်ထုခွဲ ရောင်းချနေသူဖြစ်တာကြောင့် အခုလို ပစ်ခတ်ရတာဖြစ်တယ်လို့ သိရပါတယ်။

သာယာဝတီဂဠုန်တပ်ဖွဲ့၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထပ်မံသိမ်းပိုက်ရရှိတဲ့မြို့တွေကို အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ဖို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့အဖွဲ့ လူထုကို သွားရောက်တွေ့

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

အချုပ်သားများကို လောင်းလုံး ပအဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (လောင်းလုံး ပအဖ) က အချုပ်သားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို စနစ်တကျ ပြုလုပ်ပေးနေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြရန် ကယန်းအမျိုးသားတပ်မတော် တိုက်တွန်း

ပြည်သူလူထုရဲ့ဆန္ဒ မပါဝင်ဘဲ အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပဖို့ရှိနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကယန်းအမျိုးသားတပ်မတော် (K.N.A) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းအနီး နွားထိုးကြီး၊ ပြင်စည်ရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်​ကောင်စီတပ်သား ၇ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ ပြင်စည်ရွာ လျှပ်စစ်ခွဲရုံးအပါအဝင် ရဲစခန်းနဲ့ စာသင်ကျောင်းတို့ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ရော အနီးကပ်ပါ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ ရဲဘော် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သီတင်းကျွတ် မီးပုံးပျံလွှတ်တင်ခြင်း ဆီမီးသပိတ်ဖြင့် လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက သီတင်းကျွတ်မီးပုံးပျံ လွှတ်တင်ခြင်း ဆီမီးသပိတ်နဲ့ လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အဆိုပါသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့တိုက်ပွဲအတွင်း CDF- Matupi မှ စစ်ဦးစီးဌာနမှူးကျဆုံး

"တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာ လက်နက်ငယ်ထိပြီး ကျသွားတာပါ၊ dead body ကို ချက်ချင်းကျနော်တို့မကောက်နိုင်ပေမဲ့ ၄၊ ၅ မိနစ်လောက်တော့ ပစ်ခတ်အပြီး၊ ရန်သူဘက်မှပြန်ဆုတ်အသွားမှာ ကျနော်တို့ပြန်ကောက်နိုင်တာ" လို့ Chinland Defense Force - Matupi မှ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။