MNDAA ကထိန်းချုပ်ထားတဲ့  လားရှိုးမြို့ကို စစ်ကောင်စီက မနေ့က အောက်တိုဘာ ၁၄ ရက်ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။

လားရှိုးမြို့ နားမခေါ်ကားဂိတ်အနီးကို စစ်တပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာတဲ့ အရပ်သားပြည်သူ တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို အဆောက်အအုံအချို့လည်း ပျက်စီးမှုတွေရှိခဲ့တာပါ။

စစ်တပ်က လားရှိုးကို အောက်တိုဘာ ၁၃ ရက်နေ့ကလည်းတစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့အပြီး မနေ့က ၁၄ ရက်နေ့မှာလည်း ထပ်မံဗုံးသုံးလုံးကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။

(ဓာတ်ပုံ – 果敢资讯网 က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းမှ)

အောက်တိုဘာ ၁၄ ရက် မနေ့က လားရှိုးမြို့အနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့ရပြီး ၂ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ နေရာတွေဟာ စစ်ရေးနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့နေရာတွေပဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့  တိုက်ခိုက်မှုကြောင့် လူနေအိမ် () လုံးပျက်စီးခဲ့သလို ကချင်နှစ်ခြင်းဘုရားကျောင်းတစ်ကျောင်းအပြင် မူကြိုကျောင်းတစ်ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။

ကိုးကန့်တပ် MNDAA ရဲ့ အချက်အလက်အရ လားရှိုးမြို့နဲ့အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာဟာ အောက်တိုဘာလ ၁၅ ရက်နေ့အထိ   ၁၇ ကြိမ်တိတိရှိလာပြီ ဖြစ်ပါတယ်။

(ဓာတ်ပုံ – 果敢资讯网 က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းမှ)
0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော် (၄) နှစ်ပြည့်နှင့် စစ်သင်တန်းဆင်း အခမ်းအနား

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားနဲ့ အပတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၂ ရက်က ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ယောက်သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။
Read More

မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းကို ခရိုင်အတွင်းလှုပ်ရှားနေသည့် တပ်ရင်းတပ်ဖွဲ့ ၈ခုဖြင့် စတင်ဖွဲ့စည်း

အကြမ်းဖက်စစ်အုပ်စု အထိနာစေမယ့် စစ်ဆင်ရေးတွေအတွက် မြင်းခြံခရိုင်အတွင်းက တပ်ရင်းတပ်ဖွဲ့ ၈ ခုပေါင်းပြီး မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်းအဖြစ် စတင်ဖွဲ့စည်းလိုက်ကြောင်း အဲ့ဒီစစ်ကြောင်းမှာ ပါဝင်တဲ့ Myingyan Black Tiger (MBT) က အသိပေးထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၂၈ရက်နေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီအသိပေးချက်ထဲမှာ မြင်းခြံခရိုင်အတွင်းက ပြန့်ကျဲနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စုစည်းပြီး စစ်အုပ်စုအထိနာစေမယ့် စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ "မြင်းခြံခရိုင် အထူးလှုပ်ရှားစစ်ကြောင်း" ကိုဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုထားတာပါ။
Read More

မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးတွင် စစ်ကြောင်းဝင်မီးရှို့သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့၊ နှစ်ဖက်ထိခိုက်မှုများပြီး စစ်ကောင်စီက ရွာများကိုဆက်လက်မီးရှို့နေ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲကို မီးဝင်ရှို့တဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။