မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ငွေတောင်းကြမ်းတဲ့ ယာဥ်ထိန်းရဲမေ သဲသဲ ဆိုသူ မိုင်းခွဲတိုက်ခံရပြီး ထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့် နေပြည်တော် စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၁၁ ရက်၊ မနက်အစောပိုင်းက ပွင့်ဖြူမြို့အဝင်ဆိုင်းဘုတ်အနီးမှာ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်နဲ့ မော်တော်ကားတွေကို ဖမ်းဆီးငွေညှစ်တောင်းခံနေတဲ့ စစ်ကောင်စီယာဉ်ထိန်းရဲအုပ်စုတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရသူတွေထဲ မော်တော်ယာဥ်တွေဆီက ငွေတောင်းကြမ်းသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့သတင်းတွေကိုပါ ပေးပို့နေတဲ့ ယာဥ်ထိန်းရဲမေ သဲသဲမွန်() ဖက်တီးမ ဆိုသူလည်း ပါဝင်ခဲ့ပြီး ဦးခေါင်း၊ မိန်းမအင်္ဂါနဲ့ ကျောက်ကပ်တို့ပါ ထိခိုက်သွားတဲ့အတွက် စိုးရိမ်လူနာအဖြစ် နေပြည်တော်ကို ပို့ဆောင် ကုသနေရတာ ဖြစ်ကြောင်း မိုင်းခွဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တဲ့ မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းအဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲဒီဘဲဥမ က ပွင့်ဖြူရော စလင်းမှာပါ မကောင်းသတင်း တော်တော်ထွက်နေတာလို့ပြောရမယ်။ ဆိုင်ကယ်စီးလာတာနဲ့ အကြောင်းပြချက်မျိုးစုံသုံးပြီး ဖမ်းတယ်။ ငွေတောင်းတာရော ဖမ်းစီးတာမှာပါ ဘယ်သူ့ကိုမှ အလွတ်မပေးဘူး။ နောက်ပြီးသူ့ကြောင့် တော်လှန်ရေးသမားတွေ ထောက်ပို့တွေလည်းအဖမ်းခံထိထားတယ်။ သူ့ နာမည်စာရင်း အတိအကျရတဲ့အတွက် သေသေချာချာစီစဥ်ပြီး စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာပါ။ အခုတော့ နေပြည်တော်ကို တက်ပြီး ကုနေရတယ်ကြားတယ်။ အခြေအနေဆိုးတယ်ပေါ့။  သူ့ထိတဲ့သတင်းကိုကြားပြီး မြို့နေ ပြည်သူတွေလည်းကျေနပ်နေကြတယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၄ တပ်ရင်းအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အလားတူ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာလည်း အောက်တိုဘာလ ၁၃ရက်၊ ညနေပိုင်းက ၆၂လမ်း ၁၂၄လမ်းနဲ့ ၁၂၅လမ်း ကြားမှာရှိနေတဲ့ယာဥ်ထိန်းရဲမေ ၁ယောက် ပစ်ခတ်ခံခဲ့ရတယ်လို့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်လော်ဘီချန်နယ်တွေရဲ့ဖော်ပြချက်အရ မန္တလေးမှာ ပစ်ခတ်ခံရသူဟာ ဒုရဲအုပ်အဆင့်ရှိသူ ဖူးပွင့်ဇော်ဖြစ်ပြီး ညာဘက်ရင်အုပ်ကိုထိမှန်ခဲ့ပေမယ့် ဆေးရုံတင်ကို အချိန်မှီပို့ဆောင်နိုင်ခဲ့တာကြောင့် သေဆုံးခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

မင်းဘူးခရိုင်၊ အမှတ် (၄) တပ်ရင်း၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

မြစ်ရေညစ်ညမ်းမှုများရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်တိုးချဲ့ပေးနေ

ရွှေတူးဖော်မှုကြောင့် ကော့မြစ် (နမ့်ခုတ်မြစ်) ရေ ညစ်ညမ်းမှုတွေ ရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်လက်တိုးချဲ့ ချထားပေးနေကြောင်း၊ ပိုင်ခမ်းရွာအနီးမှာ နေရာသစ်တွေရှာဖို့ ဒေသခံတွေကို ငှားရမ်းနေကြောင်း ရှမ်းပြည်နယ်၊ ကော့မြစ် (နမ့်ခုတ်မြစ်)အနီးက ဒေသခံကို ကိုးကားပြီး CTN သတင်းက ဖော်ပြပါတယ်။
Read More

စစ်သုံ့ပန်း သတ်ဖြတ်ခဲ့တဲ့ AA ရဲဘော်တချို့ကို အရေးယူအပြစ်ပေးပြီးပြီ ဟု AA ပြောခွင့်ရ ခိုင်သုခ ပြော၊ ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို လုံး၀ လက်မခံဘူး ဟု ဆို

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဇူလိုင်လအတွင်း မွန်ပြည်နယ်မှာ ပစ်ခတ်တိုက်ပွဲများဖြစ်ပွား၊ နှစ်ဖက်သေဆုံးမှုများရှိပြီး ပြည်သူများလည်း ထိခိုက်သေဆုံးခဲ့

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လဂွန်းအိမ်စာစဥ်က မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ရာ ဇူလိုင်လမှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၆ ယောက်၊ ဒဏ်ရာရသူ ၂ ယောက်နဲ့ ဖမ်းဆီးခံရသူ ၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၃ဦးသေ၊ ၂ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက် အပြင်းအထန် ဒဏ်ရာရသွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လောင်းလုံးတွင် မင်းအောင်လှိုင် လုံခြုံရေးအတွက် ဆင်းလာသည့် အကြမ်းဖက်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု အထိအခိုက်များ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုံခြုံရေးအတွက် ဆင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အညာဒေသ စစ်ဘေးရှောင် စာသင်ကျောင်းတွေအတွက် လေကြောင်းရန်ကာကွယ်နိုင်ဖို့ စကားပြောစက်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်းအတွက် စကားပြောစက်တွေကို မနေ့က နိုဝင်ဘာလ ၇ ရက်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြပါတယ်။