စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နဝရတ်ရွှေဆိုင် ဓားပြမှုနဲ့ ပတ်သက်လို့ ပါဝင်ကျူးလွန်သူ ၃ယောက်ကို ကနဦးဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ဗလ(ခေါ်)သန်းကျော်အေး-(၂၉)နှစ်၊ ဇီးကွက်(ခေါ်)ကျော်ထက် (၂၄)နှစ်နဲ့ ရှမ်းလေး(ခေါ်)ရန်မျိုးနိုင် (၃၇)နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။

ဓားပြမှုကျူးလွန်တဲ့ သံသယရှိသူတွေကို မုံရွာမြို့နယ် ပကဖ (တာဝန်ခံ) ဆရာကျောင်း၊ မုံရွာမြို့နယ် ပလဖ (တာဝန်ခံ)ကိုအာကူးတို့က ဦးဆောင်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၁၆/၃၂/၃၈ စတဲ့အဖွဲ့တွေနဲ့ Local အဖွဲ့တွေ အတူပူးပေါင်းပြီး ဖော်ထုတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်၊ နေ့လည်ပိုင်းက မုံရွာမြို့၊ မြဝတီရပ်ကွက် ၊ မေတ္တာလမ်းသွယ် ၁မှာရှိတဲ့ နဝရတ် စိန်ရွှေရတနာဆိုင်ကို မျက်နှာဖုံးစွပ်သေနတ်ကိုင်ထားတဲ့သူတွေက လုယက်ဓားပြတိုက်ခဲ့ကြတာဖြစ်ပြီး ကျူးလွန်သူတွေထဲအမျိုးသမီးတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့အနေနဲ့ ဓားပြမှုနောက်ဆက်တွဲအရေးယူမှုတွေနဲ့ အမှုမှာ ပါဝင်ပတ်သက်ထားပြီး ဖမ်းဆီးဖို့ကျန်ရှိနေသေးတဲ့ဆက်စပ်တရားခံတွေကို မုံရွာမြို့နယ်ပလဖ Facebook  Page ကနေ ဓါတ်ပုံနဲ့တကွဝရမ်းထုတ် ကြေညာသွားမှာဖြစ်ပြီးအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးအရေးယူသွားမယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးနည်းတူ မုံရွာမြို့နယ်မှာလည်း ဥပဒေစိုးမိုးမှုကင်းမဲ့နေပြီး ဓားပြတိုက်၊ လုယက်၊ လူသတ်မှုတွေမကြာခဏဖြစ်ပွားနေရာ ပြီးခဲ့တဲ့ စက်တင်ဘာလ ထဲမှာပဲ နဝရတ်ရွှေဆိုင်လုယက်ခံရတာအပြင် နေရာ၃ခု မှာ ဓားပြတိုက်၊ လုယက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

 

(ဓာတ်ပုံ မုံရွာ ပလဖ)

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း KRC  ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ပြည်သူတွေနဲ့ တသားတည်းရပ်တည်တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းအနေနဲ့ ဆန့်ကျင်ကြောင်း KRC ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ (လယ်ဒိုမြို့နယ်) က သဘောထားထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်က ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Saw Dragon Drone Force – SDDF က ထုတ်ပြန်ထားပါတယ်။
Read More

တရားမဝင် ရွေးကောက်ပွဲအတုအား တခဲနက် ဆန့်ကျင်ကြရန် မန္တလေး ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ တိုက်တွန်း

အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး လူထုအာဏာဖီဆန်ရေး နည်းနာပေါင်းစုံနဲ့ တခဲနက်ဆန့်ကျင်ကြဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဥ်မှာ ဆက်လက်ပါဝင်ကြဖို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့ ပူးတွဲ တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။
Read More

ABSDF စစ်ကြောင်း ၃ ရဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းမှာ ပြုလုပ်တဲ့  အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်က စစ်ကြောင်း ၃ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ဒီဇင်ဘာတစ်လအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထိ ပြုလုပ်ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ Wetlet Information Network ကဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးရုံး ထိမှန်ပျက်စီး 

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးပါတီ ရုံးအဆောက်အဦး ထိမှန်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က  သတင်းထုတ်ပြန်ထားပါတယ်။