ပြီးခဲ့တဲ့ ဒီချုပ်အစိုးရဟာ တိုင်းတစ်ပါးသားတွေကို ယုံကြည်မှုလွန်ကဲလို့ တိုင်းပြည်ဘဏ္ဍာတွေ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်းရေးလျှို့ဝှက်ချက်တွေလည်း ပေါက်ကြားခဲ့ရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရရဲ့ ဒုတိယသက်တမ်းက အာဏာပိုင်တွေဟာ ဒီမိုကရေစီကျင့်စဉ်တွေကို လွဲမှားစွာ ကျင့်သုံးခဲ့တယ်လို့လည်း မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးခြင်း  () နှစ်ပြည့် မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။

တိုင်းပြည်အာဏာကို မတရား ရယူထားတဲ့ မင်းအောင်လှိုင်က နိုင်ငံ့ခေါင်းဆောင်တွေကို အကြမ်းဖက်ဖမ်းဆီးထားပြီး ဒီချုပ်အစိုးရဟာ တိုင်းပြည်ကို ကောင်းမွန်စွာ မအုပ်ချုပ်နိုင်ခဲ့ဘူးလို့  စွပ်စွဲပြစ်တင်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုကျူးလွန်ပြီး မြန်မာတစ်နိုင်ငံလုံးရဲ့ လူသားမျိုးနွယ်ကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီက ၂၀၂၀ မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မဲမသမာမှုပြုလုပ်ခဲ့လို့ မြန်မာ့သမိုင်းမှာ အမဲစက် ဖြစ်စေတယ်လို့ မင်းအောင်လှိုင်က သူတို့စစ်အုပ်စုရဲ့ အကြောင်းမဲ့ အာဏာသိမ်းမှုကို ဖုံးကွယ်ပြောဆိုလိုက်ပါသေးတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို မင်းအောင်လှိုင်က ပြစ်တင်ဝေဖန်ခဲ့သလို NCA လမ်းကြောင်းကနေ သွေဖယ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝေဖန်ခဲ့ပါတယ်။

NCA (၉) နှစ်ပြည့် မိန်းခွန့်ပြောကြားနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် (ဓာတ်ပုံ SAC)

NCA လမ်းကြောင်းက သွေဖယ်ခဲ့တဲ့ KNPP KNU KIA အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တိုင်းပြည်အခက်အခဲဖြစ်စဉ်မှာ အခွင့်အရေးယူပြီး ဆူပူလှုံ့ဆော်မှုမှာ ပါဝင်ခဲ့သူတွေဖြစ်တယ်လို့ သူက စွပ်စွဲပြောဆိုလိုက်တာပါ။

KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အများစုဟာ NUG နဲ့အတူ PDF တပ်ဖွဲ့ဝင်တွေကိုထောက်ပံ့ကူညီပေးခဲ့လို့ဒီနေ့တိုင်းပြည်ဟာပဋိပက္ခတွေနဲ့ကြုံတွေ့ခဲ့ရတယ်လို့မင်းအောင်လှိုင်ကပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၃ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့တဲ့ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ရှမ်းမြောက်နဲ့ရခိုင်ကမြို့သိမ်းတိုက်ပွဲတွေကိုလည်းစစ်ကောင်စီကရှုတ်ချပြောဆိုခဲ့ပြီးဒါတွေကအကြမ်းဖက်လုပ်ရပ်တွေသာဖြစ်တယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ကပြောဆိုပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အများစုဟာအခွင့်အခါကိုစောင့်ပြီးအကျိုးအမြတ်ရှာဖွေသူတွေလို့လည်းစွပ်စွဲခဲ့ပါသေးတယ်။

နေ့စဉ်ရက်ဆက် အရပ်သားပြည်သူတွေနေရာကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ မင်းအောင်လှိုင်ဟာ သူ့စစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ဖုံးကွယ်ပြောဆိုသွားပြီး စစ်တပ်ဟာ မြန်မာ့သမိုင်းမှာ တိုင်းပြည်လုံခြုံရေးအတွက် အမြဲအသင့်ရှိခဲ့တယ်လို့ အမွှန်းတင်ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင်စစ်တပ်ဟာအစိုးရအဖွဲ့ရဲ့ညွှန်ကြားခိုင်းစေမှုတွေအောက်ကနေသာတိုင်းပြည်အတွက်လုပ်ဆောင်ခဲ့တယ်ဆိုပြီးမြန်မာ့သမိုင်းမှာစစ်တပ်ကအကြောင်းအရင်းမဲ့လူထုအစိုးရထံကအကြိမ်ကြိမ်အာဏာသိမ်းတဲ့ဖြစ်စဉ်တွေကိုဖုံးကွယ်ပြောဆိုခဲ့ပါတယ်။

နိုင်ငံတဝန်းမှာ လက်နက်အားကိုးနဲ့ စစ်ကြောင်းထိုး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး လူထုခေါင်းဆောင်တွေကို ဖမ်းဆီးအကျဉ်းချထားတဲ့ မင်းအောင်လှိုင်ဟာ လက်ရှိအခြေအနေက နိုင်ငံရေးပြဿနာဖြစ်လို့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းကြဖို့လည်း ပြောဆိုခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြိုင်၊ ပေါက်နဲ့ ပခုက္ကူတို့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့မှုတွေအကြောင်း မြိုင်ပကဖ ထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူဒေသတွင်းက မြိုင်နဲ့ ပေါက်တို့မှာ ထိတွေ့မှု ကြီး၊ ငယ်ဖြစ်ပွားခဲ့တာတွေကို မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းကနေ လွတ်မြောက်လာသူတွေထဲ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာသူပေါင်း ၂၄၀၀ ကျော်မှာ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်နေပြီး အရေးပေါ်ဆေးကုသမှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့တွေက မတ်လ ၂၁ ရက်မှာ ပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
Read More

နတ်တလင်းအရှေ့ပိုင်း ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်း

ဂျပန်နိုင်ငံရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

သင်တန်းသား၊ သင်တန်းသူ ၈၂၂ ဦး တက်ရောက်ခဲ့သည့် TNLA ၏ အပတ်စဉ် (၆၇) စစ်ရေးသင်တန်း၏ သင်တန်းဆင်းပွဲ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်စနစ် တိုက်ဖျက်ချေမှုန်းရေးအတွက် နေပြည်တော် PDF တပ်ရင်း ၉၀၁ က တပ်သားအသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ်(၉၀၁) တပ်ရင်းက စစ်အာဏာရှင်စနစ် တိုက်ဖျက်ချေမှုန်းရေးအတွက် တပ်သားအသစ်တွေကို စိစစ် လက်ခံခေါ်ယူနေတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။