မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ကာလမှာ ပြည်သူတွေအနေနဲ့ ဆီမီးသပိတ်ဆင်နွှဲပြီး တော်လှန်သီတင်းကျွတ်အဖြစ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ဖို့ သပိတ်အင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။

လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုအဖြစ် တော်လှန်သီတင်းကျွတ်မှာ ဆီမီးသပိတ် ဆင်နွှဲကြဖို့ တိုက်တွန်းတောင်းဆိုလိုက်တာပါ။

စစ်အာဏာရှင်ကို ဘယ်အခြေအနေမှာမဆို သတိမပြတ်ဘဲ တွန်းလှန်တော်လှန်တဲ့ အဓိပ္ပာယ်ကို ပေါ်လွင်စေတဲ့ သပိတ်မျိုး ဝင်ရောက်ဆင်နွှဲကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

နေအိမ်ခြံဝင်း၊ ဘုရားစေတီ ရင်ပြင်တွေမှာ ထွန်းညှိမယ့် သီတင်းကျွတ် ဆီမီးတွေက ဓမ္မတရားကို ပူ‌ဇော်တာဖြစ်သလို၊ ဓမ္မဘက်တော်သားတွေကို ဂုဏ်ပြုရမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက သီတင်းကျွတ်ကာလမှာပြုလုပ်မယ့်  ပျော်ပွဲရွှင်ပွဲတွေကိုလည်း ပြည်သူတွေအနေနဲ့ လုံခြုံရေးအရ မသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ရန်ကုန်မြို့က အထင်ကရနေရာတွေမှာ စစ်ကောင်စီက သီတင်းကျွတ်ပွဲတော်ကို စည်ကားစေဖို့ အခမ်းအနားတချို့ ပြုလုပ်ဖို့လည်း စီစဉ်မှုတွေ ရှိနေပါတယ်။

၂၀၂၂ ခုနှစ်၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန် သီတင်းကျွတ် ဆီမီး သပိတ်တွင် ပါဝင်ခဲ့ကြသည့် ပြည်သူများ (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံနေပြီး အမ်း နပခ အဆောက်အအုံ မီးလောင်ကျွမ်းနေတဲ့ ရုပ်သံ AA ထပ်မံထုတ်ပြန်

အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံရဲ့ နေရာတချို့ မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၇ ရက် မနေ့က ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်တွင် နယ်မြေရှင်းလင်းရေးလုပ်မည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး အယောက် ၄၀ ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ထုတ်ပြန်ပါတယ်။
Read More

သီတာယုမွန် အဖွဲ့သားများ စီးနင်းလိုက်ပါလာသည့်ကား ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန် အဖွဲ့သားတွေ လိုက်ပါစီးနင်းလာတဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင်ထဲကို စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ၊ ထီးလင်းနဲ့ ကျောက်ထုမြို့တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝန်ထမ်းတွေကို မထိခိုက်စေချင်တာကြောင့် 29 ရတနာဆိုင်ကို သတိပေးဖောက်ခွဲမှုသာ လုပ်ခဲ့ကြောင်း T.U.F မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဦးချစ်မောင်အိမ်ရာမှာရှိတဲ့ 29 ရတနာဆိုင်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ T.U.F (Together Urban Force ) အဖွဲ့က ထုတ်ပြန်လာပါတယ်။