တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖ မြိတ်ထံ အလင်းဝင် ခိုလှုံလာကြောင်း သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူတွေဟာ အလုပ်ကအပြန် စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူ ၁ယောက်နဲ့ စစ်မှုထမ်းမဲပေါက်ခဲ့သူတွေ ဖြစ်တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖ မြိတ် တာဝန်ရှိသူ ဗိုလ်လရောင်က မောင်းကိုပြောပါတယ်။

စက်တင်ဘာ၂၁ရက်နေ့က မြိတ်အခြေစိုက် ခလရ(၁၀၃)တပ်ရင်း၊ တုံဗျောကြီးစခန်းမှာ တာဝန်ကျနေတဲ့ စစ်မူထမ်းအပတ်စဉ်() တပ်ဖွဲ့ဝင်၁ယောက်ဟာ MA 2သေနတ် ၁လက်၊ လက်ပစ်ဗုံး၂ လုံး၊ ကျည် ၁၈၄ တောင့်တို့ကို ယူဆောင်ရင်း မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပထမဆုံး အလင်းဝင်ရောက်လာကြောင်း သိရပါတယ်။

အဲ့ဒီနောက် အောက်တိုဘာ ၁၃ရက်နေ့မှာတော့ ကော့သောင်းမြို့နယ်အခြေစိုက် ခမရ(၄၃၁)တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ယောက်ဟာ တပ်ရင်းကနေ ထွက်‌ပြေးပြီး မြိတ်ပကဖထံ ခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူတွေဟာဧရာဝတီတိုင်း၊ ဓနုဖြူမြို့ခံ၁ယောက်နဲ့ ရှမ်းပြည်နယ်၊တောင်ကြီးမြို့နေ၂ယောက်ဖြစ်ကြပြီး စစ်မူထမ်းမဲပေါက်တာကြောင့် စစ်တပ်ထဲဝင်ရောက်ခဲ့ရတာလို့သိရပါတယ်။

ဒါ့အပြင် တိုက်/စည်း ရွှေဒူးတပ်ကနေ မတရားဖမ်းဆီးစုဆောင်းထားတဲ့သူတစ်ယောက်ကလည်း အောက်တိုဘာလ ၁၃ရက်နေ့က မြိတ်ပကဖထံ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးခိုလှုံလာသူဟာ အောက်တိုဘာ ၁၀ရက်နေ့၊ ညနေပိုင်းက မြိတ်မြို့ထဲ လုပ်အားခရပြီး အိမ်အပြန်လမ်းမှာ စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်တယ်လို့ဗိုလ်လရောင်က ပြောပါတယ်။

လက်ရှိကတော့ သူတို့ကို စခန်းမှာပဲ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်ထားတယ်။ တင်းကြပ်ထားတာမရှိဘူး။ ငွေရေးကြေးရေးပိုင်းကအစ စားရေးသောက်ရေးနဲ့ လိုအပ်တာတွေအကုန်လုံးကို ပံ့ပိုးပေးထားပါတယ်။ အမှန်တရားကိုသိမြင်လို့ အခုလိုအဖွဲ့ကို ဆက်သွယ်ပြီး ခိုလှုံလာတဲ့အပေါ် ကျနော်တို့ကလည်း နွေးနွေးထွေးထွေးနဲ့ ကြိုဆိုစောင့်ရှောက်ထားပါတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖ မြိတ် တာဝန်ရှိသူ ဗိုလ်လရောင်က မောင်းကို ပြောပါတယ်။

 

အလင်းဝင်ခိုလှုံလာသူများ (ဓာတ်ပုံ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖ)

0 Shares:
You May Also Like
Read More

အတင်းအဓမ္မ ပြန်လည်စုဆောင်းခံရသည့် တပ်ကြပ်အပါအဝင် စစ်မှုထမ်း ၂ ဦး ရှေ့တန်းတွင် ထွက်ပြေးအလင်းဝင်

သြဂုတ်လဆန်းပိုင်းကစလို့ မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲထဲကနေ စစ်မှုထမ်း ၂ ယောက် ထွက်ပြေးကာ အလင်းဝင်လာခဲ့တယ်လို့ Northwest Plains Revolutionary Forces – NPRF က ထုတ်ပြန်ပါတယ်။
Read More

ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆တပ်ရင်း၏ အနောက်ဘက်တွင် လေယာဉ်ကွင်းဖောက်ဖို့ဆိုပြီး လူနေအိမ်များကို ပြောင်းရွှေ့ခိုင်းနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်တပ်ရင်းဖြစ်တဲ့ အမှတ် ၃၆ ခြေလျင်တပ်ရင်း (ခလရ ၃၆) အနောက်ဘက်မှာ လေယာဥ်ကွင်းဆောက်လုပ်ဖို့ဆိုပြီး လူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးနေရ 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူညီတွေလည်း လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ 
Read More

မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ကင်းစခန်းတိုက်ခိုက်ခံရ၊ ၁ ဦး သေပြီး ၃ ဦး အရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ ကင်းစခန်းတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပေါက် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ကျွန်းစုတွင် လက်နက်များ သယ်ဆောင်လာသည့် စစ်အုပ်စု ကား ၂ စီး တိုက်ခိုက်ခံရပြီး ပျူနှင့် ရဲ ၅ ဦး သေ၊ ၂ ဦး ဒဏ်ရာပြင်းထန်

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်အုပ်စု ကား ၂ စီးကို ဖြတ်တောက်တိုက်ခိုက်ရာ ပျူစောထီးနဲ့ ရဲ ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေနဲ့ ကား ၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ကျေးရွာများကို လှည့်လည်ပြီး မင်းဘူးခရိုင် ပကဖ တာဝန်ခံ ဟောပြောဆွေးနွေး…

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာတွေကို မင်းဘူးခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံ နဲ့ တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံကာ အကြမ်းဖက်စစ်တပ် လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဟောပြောဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။