ပင်လယ်ဓားပြတိုက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ကို အာရက္ခဒေသ မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီးမှာ အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ပေးခဲ့တယ်လို့  အာရက္ခတပ်တော်သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရေလုပ်သား ၁၆ ယောက်ကို အောက်တိုဘာ ၄ ရက်က အမည်မသိလက်နက်ကိုင် အင်အား ၆၀ ခန့်က ဘင်္ဂလားပင်လယ်အော်အတွင်း ဓားပြတိုက်ခဲ့ပြီး မော်တော်ဘုတ်ဝမ်းဗိုက်အတွင်း အစားအစာနဲ့ ရေ မပေးဘဲ ၂ ရက်ခန့် ပိတ်လှောင်ထားခဲ့ကာ အောက်တိုဘာ ၇ ရက်က မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီးမှာ ကမ်းတင်ဖို့ လုပ်ဆောင်နေချိန် အာရက္ခကမ်းစောင့်တပ်က တွေ့ရှိပြီး ကယ်တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မဆုတ်တမ်းခံစစ်မော်ခီးတပ်စခန်း မြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ မော်ခီးမဆုတ်တမ်းခံတပ်စခန်းကို KNLA ပူးပေါင်း တပ်တွေက မေလ ၃၀ ရက် နံနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ကိုထိန်လင်းက ဆို (ရုပ်/သံ)

လွတ်လပ်ရေးနေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဝန်းဝန်ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ရုပ်သံကတဆင့်ပြောကြားလိုက်ပါတယ်။
Read More

တောင်သာမြို့နယ်တိုက်ပွဲအတွင်း လက်နက်ချသည့် စစ်ကော်မရှင်တပ်သားများကို အချင်းချင်း ပြန်လည် ပစ်ခတ်သတ်ဖြတ် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ရှေ့ပြေးစစ်ကြောင်းတစ်ဖွဲ့လုံး ချေမှုန်းခံခဲ့ရပြီး လက်နက်ချတဲ့ စစ်ကော်မရှင်တပ်သားတွေကို အချင်းချင်း ပြန်လည်ပစ်ခတ်သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ OneMore စစ်ကြောင်း-Mgn District က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သား ၂ ယောက်အပြင် ခင်ပွန်းဖြစ်သူပါ စစ်မှုထမ်း ပေါ်တာဆွဲခံထားရသည့် မိသားစုအခြေအနေ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ နေထိုင်တဲ့ မိသားစုတစ်စုက မိခင်ဟာ သား ၂ ယောက်သာမက ခင်ပွန်းဖြစ်သူပါ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့အတွက် စားဝတ်နေရေးခက်ခဲနေကြောင်း ပြောပြထားတဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
Read More

ထားဝယ်ခရိုင်အတွင်း ကျေးရွာများကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်နေ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ Y-12 လေယာဉ်တွေနဲ့ ၁၂၀ မမ ဗုံးသီးတွေ ဆက်တိုက်ကြဲချ တိုက်ခိုက်နေတယ်လို့ Democracy Movement Strike Committee-Dawei က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀ ကမ်ပိန်း (ရုပ်/သံ)

“ကျနော်တို့ စခန်းမှာက စားနပ်ရိက္ခာ အရမ်းခက်ခဲနေတဲ့ အချိန်ဖြစ်နေပါတယ်။ ပြီးတော့ ကရင်နီမှာလည်း ရေကြီးမှုကြောင့် စပါးတွေက အကုန်ပျက်စီးကုန်တော့ ဝယ်စားရတော့မယ့် အခြေအနေဖြစ်တာကြောင့် အခုလို ကမ်ပိန်းလုပ်ရတာဖြစ်တယ်။” လို့ ဝံပုလွေစစ်ကြောင်းက ထောက်ပို့တာဝန်ခံ ထူးယံက မောင်းကို ပြောပါတယ်။