အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို အောက်တိုဘာလ (၁၀) ရက်မှာ သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီခရီးစဥ်အတွင်း NUG ဝန်ကြီး ဦးရည်မွန်ဟာ သိမ်းပိုက်ရရှိထားတဲ့ ပင်လည်ဘူးမြို့ကို ဝင်ရောက် စစ်ဆေးခြင်းနဲ့ လက်နက်ချ အညံ့ခံ ပူးပေါင်းလာတဲ့ စစ်သုံ့ပန်းတွေကိုပါ တွေ့ဆုံခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ MOD (NUG)

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် အဝတ်လှန်းရင်း ကျည်ထိမှန်သေဆုံးခဲ့သူ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ဆိုင်ကယ်စီးနင်းလာသူ ၁ယောက်ကို ဦးထုပ်မပါတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က လိုက်လံပစ်ခတ်ရာ နေအိမ်အတွင်း အဝတ်လှန်းနေသူတစ်ယောက်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း Yeasgyo Township Info Committee တာဝန်ရှိသူက ပြောပါတယ်။
Read More

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံးလျှောက်ထားဖို့ စစ်ကောင်စီ ဖိအားပေးနေ

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံး မလျှောက်ထားရင် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဖိအားပေးပြောကြားမှုကို ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ခြင်မှ ကူးစက်နိုင်သည့် ရောဂါများကို ကာကွယ်ရန် မြို့နယ် (၁၂) ခုမှ စစ်ရှောင်များနှင့် ဒေသခံများအတွက် ခြင်ထောင်များ AA ထောက်ပံ့၊ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးနေသည့် အဆောက်အဦးများတွင် ခြုံနွယ်များ ပေါများလာပြီး ခြင်များ ပိုမိုပေါက်ဖွားလာဟု ဆို

ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၂) မြို့နယ်မှာ ခြင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြင်ထောင်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဒဂုံတောင်က အုပ်ချုပ်ရေးမှူးရုံးအတွင်း စစ်ဆင်ရေးလုပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေ မှာ ဖော်ပြလာပါတယ်။
Read More

တလုပ်ကျေးရွာ စစ်အုပ်စုစခန်းကို စစ်ကြောင်း၃ခုဖြင့် ဝင်တိုက်၊ ၈ နာရီကြာ ထိတွေ့မှုပြီး စစ်အုပ်စုဘက် ၈ ယောက်ထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ၈ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကော်မရှင်ဘက်က ၈ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာစစ်ကြောင်း) တာဝန်ရှိသူ ရဲဘော်စမာက မောင်းကိုပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမှာ တစ်ရက်အတွင်း ပြည်သူ ၁၀၀ ခန့် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်အုပ်စုက တစ်နေ့တည်း လူအယောက် ၁၀၀ ခန့် ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။