ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ပြည်သူတွေနေထိုင်ရာ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ () ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်အတွင်း အောက်တိုဘာ (၁၃) ရက် မနက်ပိုင်းက အုန်းပင်စုကျေးရွာမှာ အခြေစိုက်နေထိုင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက သေဂေလူ ကျေးရွာအတွင်း လက်နက်ကြီးတွေ ပစ်ခတ်ခဲ့သလို ညပိုင်းအချိန်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကုန်းချောင်း၀ကနေ လက်နက်ကြီး ()လုံး ပစ်ခတ်ခဲ့ရာ သေဂေလူကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာပါ။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျေးရွာနေ (၇၁)နှစ်အရွယ် အမျိုးသား ထိခိုက်ဒဏ်ရာရရှိပြီးနောက် (၁၄) ရက် မနက်ပိုင်းမှာလည်း အဲ့ဒီစစ်ကောင်စီတပ်ရင်းက လက်နက်ကြီး () လုံးကို ထပ်မံပစ်ခတ်ခဲ့ရာ ကျွန်းကုန်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း အောက်တိုဘာ (၁၂) ရက် နေ့လည်ပိုင်းအချိန်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက စဉ်းအိုးခင်ကနေ ၆၁ မမ ()လုံး ပစ်ခတ်ခဲ့ရာ သဲဖြူရွာဟောင်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ အသက်(၅၆)နှစ်အရွယ် အမျိုးသား လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ (၁၁) ရက် ညနေပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကုန်းချောင်း၀ ကနေ ၈၁ မမ () လုံး ပစ်ခတ်ခဲ့ရာ ဒေါင်းမို့ကျေးရွာ အပြင်ဘက် ကျရောက်ပေါက်ကွဲပြီး နေ့လည်ပိုင်းနဲ့ ညပိုင်းမှာလည်း ခလရ၂၆၄ တပ်ရင်းကနေ ၁၂၀ မမ နဲ့ ၁၂၂ မမ စုစုပေါင်း ()လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့်ကျေးရွာ၊ လက်ခကျေးရွာနဲ့ ထိုးဝါးစိုက် ကျေးရွာအကြား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ဆိုပါတယ်။

ရွှေကျင်မြို့နယ်အတွင်းမှာလည်း အောက်တိုဘာ (၁၁) ရက် မနက်ပိုင်းမှာ ခမရ၂၀၊ ခမရ၃၄၉၊ ခမရ၃၅၀၊ ခလရ၅၇ ပူးပေါင်းတပ်တွေက ရှမ်းရွာကနေပြီး (၈၁) မမ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ သားအမိ () ယောက် လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိ မှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

စစ်တိုင်းမှူး အပြောင်းအလဲလုပ်အပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ဒု-စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိလာ… ဧရာဝတီကို AA ဝင်လာရင် အစွမ်းကုန်တုံ့ပြန်ဖို့အတွက် ပြင်ဆင်ထားရန် ညွှန်ကြားဟုဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်အောင်လှိုင်က စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အပြောင်းအလဲ ပြုလုပ်ခဲ့အပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ နတခ တိုင်းစစ်ဌာနချုပ်ကို ဒီဇင်ဘာလ ၂၇ ရက် မနေ့က ရောက်ရှိလာခဲ့တယ်လို့ နတခ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျိုက်ထိုရှိ စစ်ကောင်စီ၏ ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၀၇ တပ်ရင်းမှာရှိတဲ့ ကာကင်းစခန်းတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အင်းတကော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

ရန်ကုန်မြို့လယ်မှာ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် “အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်” စာသား ချိတ်ဆွဲ (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့လယ်ခေါင်မှာ မတ်လ ၂၇ ရက် ဒီနေ့မှာ ကျရောက်တဲ့ နှစ် ၈၀ ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် "အာဏာရှင် ဗဟိုပြုစနစ် မုချပြိုလဲရမည်" ဆို စာသားပါ ဗီနိုင်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Youth of Anarchy - YOA ဆီက သိရပါတယ်။
Read More

ခမောက်ကြီးတွင် စစ်ကောင်စီသတင်းပေး မူးယစ်ဆေးရောင်းဝယ်သူနှင့် အုပ်ချုပ်ရေးမှူး တစ်နေ့တည်း ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသူနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တစ်နေ့တည်းမှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

NUG ရဲ့ နွေဦးဘဏ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်း ပြည့်မီသွားပြီး ရှယ်ယာဝယ်ယူခွင့် ၃ ရက် ထပ်တိုး၊ ပြည်တွင်းက တော်လှန်ပြည်သူတစ်ဦး ကျပ် သိန်း ၄၀၀၀ ကျော်ဖိုး တစ်ဦးတည်း ဝယ်ယူ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဗဟိုဘဏ်ဖြစ်တဲ့နွေဦးဘဏ်က  ICO Round 2 အိမ်ပြန်ခရီးစဉ်အဖြစ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်းပြည့်မီသွားတာကြောင့် ရှယ်ယာဝယ်ယူခွင့်ကို ၃ ရက်ထပ်မံ တိုးမြှင့်လိုက်တယ်လို့ နွေဦးဘဏ်က ထုတ်ပြန်ကြေညာပါတယ်။
Read More

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ကားမှောက် ဒဏ်ရာရခဲ့လို့ လာမယ့် One Championship ပွဲစဉ်လွဲချော်

မြန်မာ့ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ကရင်ပြည်နယ်ကနေရာတစ်ခုမှာမော်တော်ယာဉ်တိမ်းမှောက်ပြီးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ မနေ့က နိုဝင်ဘာ ၃၀ရက် ညနေပိုင်းက တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ်ပေါက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။