ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃) နဲ့ (၅၀၄) စခန်းတို့ကို တအာင်းတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ချိန် ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင် (၁၉၁) ယောက်ကို အောက်တိုဘာလ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၆ ရက်မှာ သီပေါမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ (၅၀၃) တပ်စခန်းကို TNLA သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်းအတွင်းရှိ  အိမ်ထောင်စု(၃၈)စုက ကျား(၁၁) ယောက်၊ မ (၄၈) ယောက်နဲ့ ကလေး (၄၃) ယောက် စုစုပေါင်း တပ်မိသားစုဝင် (၁၀၂) ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၇ ရက်က စစ်ကောင်စီရဲ့ (၅၀၄)တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီတပ်စခန်းအတွင်းရှိ အိမ်ထောင်စု(၃၄)စုက ကျား(၁၆) ယောက်၊ မ (၃၉) ယောက်နဲ့ ကလေး (၃၄) ယောက် စုစုပေါင်း တပ်မိသားစုဝင် (၈၉) ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၁၂ ရက်မှာတော့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အဲ့ဒီဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ တပ်မိသားစုဝင်တွေ ပြန်လွှတ်ပေးခဲ့ပြီး ကား ()စီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ ခြေလျင်တပ်ရင်းခလရ ၂၃ တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က အောက်တိုဘာလ ၁၂ ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း ပြိုင်ထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရ…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ ကြောင်း ပြိုင်ထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးဖို့ တော်လှန် အနုပညာရှင်များ ဖိတ်ခေါ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
Read More

စစ်ရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကလေးငယ်များအပါ ၂၂ ဦးထက်မနည်း သေဆုံး၊ ၃၀ ဝန်းကျင် ဒဏ်ရာရ “တိုက်ပွဲဖြစ်နေတဲ့ကာလမှာ အဲဒီဘုန်းကြီးကျောင်းတွေမှာ ဒေသခံပြည်သူလူထုတွေက စစ်ရှောင်ကြပါတယ်။ စစ်ရှောင်တဲ့ ဘုန်းကြီးကျောင်းပေါ်ကို ရည်ရွယ်ချက်ရှိရှိကြဲသွားတာပါ”

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာမှာ စစ်ဘေးရှောင်တွေ နေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) ထံက သိရပါတယ်။
Read More

ရေစကြိုနယ်က ထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ဗိုလ်ကြီးတစ်ဦးအပါ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရတဲ့အတွက် ဗိုလ်ကြီးတစ်ယောက်အပါအဝင် ၃ ယောက်သေဆုံးသွားတယ်လို့ ရေစကြိုမြို့နယ် ပကဖ ရဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ နိုဝင်ဘာ ၇ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ ရေစကြိုမြို့နယ် တပ်၃တပ်က အင်အား (၅၀) ဝန်းကျင်နဲ့ စုပေါင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပေကုန်းကျေးရွာရေတံခါးအနီး လမ်းကင်းယူနေချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

လေကြောင်းအန္တရာယ် အသိပညာပေးစာစောင်များနှင့် ဗီနိုင်းများ ပြည်သူလူထုဆီ ဖြန့်ဝေခဲ့ (ဓာတ်ပုံသတင်း)

လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကို ပြည်သူတွေ အလွယ်တကူ လေ့လာသိရှိ နားလည်ဆောင်ရွက်နိုင်အောင် လေကြောင်းအန္တရာယ် အသိပညာပေး စာစောင်တွေနဲ့ ဗီနိုင်းတွေကို လက်ပံတောင်းတောင် ပင်မသပိတ်နဲ့ ပူးပေါင်းပြီး ပြည်သူတွေဆီ မျှဝေခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီရဲ့ တောင်ခမ်း အမြောက်တပ်နဲ့ မကျီးရေရွာအနီး TNLA နဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၄)ရက်မြောက်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်း၊ တောင်ခမ်းရွာအနီးတဝိုက်၊ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနဲ့ မကျီးရေရွာအနီးတဝိုက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။