မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို အောက်တိုဘာ ၁၃ ရက် မနေ့ညနေပိုင်းက လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force အဖွဲ့ထံက သိရပါတယ်။

ရဲစခန်းအတွင်း လက်နက်ကြီး ၃ လုံးနဲ့ ထွေအုပ်ရုံးကို ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နယ်မြေ အခြေအနေအရ အကြမ်းဖက်စစ်ကောင်စီတွေရဲ့ ထိခိုက်မှုကို မသိရသေးဘူးလို့ ဆိုပါတယ်။

နေရာအနှံ့အပြား တိုက်ပွဲတွေ အရှိန်မြင့်တက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့နဲ့ ပြည်သူတွေကို နေ့စဉ် ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ တော်လှန်ရေးအောင်မြင်တဲ့အထိ ကြိုးစားဆောင်ရွက်သွားမယ်လို့ Wundwin Township Revolution Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲ ၃ လကျော် ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်မြို့တွင်းအခြေအနေ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး မတ်လ ၁၂ ရက်နေ့က အထက ၂၊ ရုံးကြီးတစ်ဝိုက်နဲ့ စကစ ၂၁ အတွင်းပိုင်းတွေမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးခဲ့တယ်လို့ Banmaw Scout Team ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ရန်ကုန်မြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် SUU 80th” လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ယနေ့ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ရန်ကုန်မြို့လယ်မှာ SUU 80th" စာသားကိုင်‌ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ထုတ်ပြန်ထားပါတယ်။
Read More

လွိုင်ကော်မြို့ပြင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်သေ၊ သေနတ် ၄ လက် ရရှိ (ရုပ်/သံ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပြင်မှာ နိုဝင်ဘာ ၂၇ ရက်က ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး သေနတ် ၄ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDF B14 ထံက သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ အမတ ၃၀၆ တပ်ရင်းသို့လာသည့် စစ်ကားကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်၊ ၂ ပွင့်ဗိုလ်အပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၂ ပွိုင့်ဗိုလ်အရာရှိအပါအဝင် ၈ ယောက်သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနှင့် တွဲတွန်းသင်္ဘောအုပ်စုကို မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနဲ့ တွဲတွန်းသင်္ဘောအုပ်စုကို ရှေ့ထွက်မိုင်းတွေ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) အဖွဲ့က ထုတ်ပြန်ထားပါတယ်။