လားရှိုးမြို့အနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့ရပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၄ ရက် မနက်အစောပိုင်းအချိန်မှာ  စစ်ကောင်စီက လားရှိုးမြို့အနီးက အီနိုင်းရွာလေးပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် စုစုပေါင်း ဗုံး ၇ လုံး ကြဲချခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသား ၃ ယောက်သေဆုံးခဲ့ပြီး၊ အမျိုးသမီးကြီး ၁ ယောက်နဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ နေရာတွေဟာ စစ်ရေးနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့နေရာတွေပဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့  တိုက်ခိုက်မှုကြောင့် လူနေအိမ် () လုံးပျက်စီးခဲ့သလို ကချင်နှစ်ခြင်းဘုရားကျောင်းတစ်ကျောင်းအပြင် မူကြိုကျောင်းတစ်ကျောင်းလည်း ပျက်စီးခဲ့ပါတယ်။

ကိုးကန့်တပ် MNDAA ရဲ့ အချက်အလက်အရ လားရှိုးမြို့နဲ့အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာဟာ ၁၆ ကြိမ်တိတိရှိလာပြီ ဖြစ်ပါတယ်။

 

 

(ဓာတ်ပုံ လားရှိုးမြို့ပြန်လည်ထူထောင်ရေး)

0 Shares:
You May Also Like
Read More

ကစားစရာ သေနတ်နှင့် အမှုတည်ဆောက်ပြီး ၆ နှစ်ကလေးကိုပါ ဖမ်းထားသည့် စစ်ကောင်စီ 

စစ်ကောင်စီဟာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ယောက်ကို စွပ်စွဲဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ကျောက်မျက်ရတနာ ထွက်ရှိရာ ဒေသတွေကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီ ကျောက်မျက်ရတနာပွဲ ပြုလုပ်နေ

ကမ္ဘာကျော် ပတ္တမြားတွေထွက်ရှိရာ မိုးကုတ်လို ဒေသတွေနဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ကွက်တွေရှိရာ ဒေသတချို့ကို စစ်ကောင်စီက လက်လွှတ်ထားရချိန်မှာပဲ နေပြည်တော်မှာ စစ်ကောင်စီက ဦးဆောင်ပြီး ကျောက်မျက်ရတနာပြပွဲကို ကျင်းပပြုလုပ်နေပါတယ်။
Read More

မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မိုးကုတ်ဗျူဟာက တိုက်ခိုက်ရေးရဲဘော်တွေရဲ့ ရှေ့တန်းစစ်မြေပြင် လှုပ်ရှားမှု ပုံရိပ်တွေကို Red Wolves of Mogok တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကန်ဖန်းရွာမှ အလင်း၀င်လာတဲ့ ပြည်သူ့စစ် ၁၀၀ကျော်ကို KIA ကဂုဏ်ပြု

ကချင်ပြည်နယ် ဖီမော်မြို့၊ ကန်ဖန်းရွာမှ KIA နဲ့ ပူးပေါင်းပြီးအလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီကြောင့် ချင်းမှာ ၄ နှစ်အတွင်း အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ထောင်နီးပါး သေဆုံးခဲ့ရ

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း တစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော် ဒဏ်ရာရကာ သေဆုံးဒဏ်ရာရသူ ဆက်လက်တိုးမြှင့်နိုင်ဟု စစ်ကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ယောက်ရှိပြီး ဒဏ်ရာရသူ  ၇၃၂ ယောက်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ ဝါဒဖြန့်ရုပ်သံကတဆင့် ဒီနေ့ မတ်လ ၂၈ ရက် ညပိုင်းမှာ ပြောကြားပါတယ်။