မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေးနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှုး () (AGS -1) ရဲဘော်ထွားကြီးတို့က ရှေ့တန်းစခန်းတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ရဲဘော်ယောလေးနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှုး () (AGS -1) ရဲဘော်ထွားကြီးတို့က ရှေ့တန်းစခန်းတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

YPDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌနဲ့ လက်ထောက်အထွေထွေအတွင်းရေးမှုး () (AGS -1)တို့က ဌာနမှူးတွေ၊ အရပ်ဘက်အကြံပေးအဖွဲ့ဝင်တွေနဲ့အတူ အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်မှာ ရှေ့တန်းစခန်းတွေကို သွားရောက်စစ်ဆေးခဲ့တာပါ။

ရှေ့တန်းနယ်မြေဖြစ်တဲ့အတွက် လုံခြုံရေး မပေါ့ဆကြဖို့ အရေးကြီးတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ ရဲဘော်တွေရဲ့ အသက်က ရှေ့တန်းက ရဲဘော်တွေအပေါ် မူတည်နေတယ်။ ဒါကြောင့် လုံခြုံရေး ပထမ၊ ဒုတိယ၊ တတိယ လို့စိတ်မှာ ခံယူပြီး လုပ်ဆောင်ကြပါ။ ၂၄ နာရီ တာဝန်ယူနေကြရတာဖြစ်လို့ ပင်ပန်းကြတယ်။ ဒီအတွက်လည်း ရဲဘော်တို့ကို ဂုဏ်ပြုပါတယ်။ အသိအမှတ်ပြုပါတယ်။ အချင်းချင်း ရဲဘော်ရဲဘက်စိတ်နဲ့ ဖေးမကြပါ။ အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အမိန့်နာခံမှု ရှိပါ။ ရဲဘော်ရဲ့ ဂုဏ်အရည်အချင်းက စစ်စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံမှုရှိခြင်းပဲ ဖြစ်တယ်။ လိုအပ်တာတွေ အဆင့်ဆင့် ရုံးလုပ်ငန်းနဲ့အညီ တင်ပြကြပါ။ တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမယ်လို့ YPDF တပ်ဖွဲ့ ဥက္ကဋ္ဌက ရှေ့တန်းက ရဲဘော်တွေကို အမှာစကားပြောကြားခဲ့ကြောင်း YPDF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် AGS -1 ကလည်းရဲဘော်အချင်းချင်း ခိုက်ရန်မဖြစ်ပွါးကြဖို့၊ မူးယစ်သောက်စားမှု မပြုကြဖို့နှင့် ကိုယ့်ရဲ့ပေါ့ဆမှုကြောင့် အခြားသူတွေ အန္တရာယ်ကျရောက်ရတာမျိုး မဖြစ်ဖို့ နေထိုင်လုပ်ကိုင်ကြပါလို့လည်း မှာကြားခဲ့သေးတယ်လို့ YPDF က ဆိုပါတယ်။

YPDF တပ်ဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ရန်သူလာနိုင်ခြေရှိတဲ့ လမ်းတွေ၊ မိုင်းကွင်းတွေနဲ့ ကင်းနေရာတွေကိုလည်း သွားရောက်စစ်ဆေးခဲ့ပြီး လမ်းတလျှောက်တွေ့ရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း နှုတ်ဆက်အားပေးစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

YPDF ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ စစ်ဘေးရှောင်စာသင်ကျောင်းတွေကိုလည်း သွားရောက်ပြီး ပြည်သူမှ ပြည်သူသို့ အစီအစဉ်နဲ့ ငွေကြေးနဲ့ သင်ထောက်ကူပစ္စည်းတချို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။

 

(ဓာတ်ပုံ YPDF)

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကြောင်းကြောင့် ပေါက်အရှေ့ခြမ်းရှိ အရပ်သားပြည်သူများ မိုးရေထဲ စစ်ရှောင်နေရ

"ဝါယမက ညောင်ဂျစ်ပင်ရွာ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ပါ။ ပျူစောထီးခေါင်းဆောင်ပါ။ အာဏာမသိမ်းခင်ကတည်းက မဘသဘုန်းကြီးပါ။ အမေစု မုန်းတီးရေး တရားဟောတယ်။ အာဏာသိမ်းတာကို ထောက်ခံကြောင်း အဦးဆုံးပြောတဲ့ဘုန်းကြီးပါ။ ညောင်ဂျစ်ပင်နဲ့ အခုတော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ ရေလာလေးကို သူခေါင်းဆောင်တယ်။ စခတွေပျူတွေကို သူ့ကျောင်းမှာ ထားတယ်။ ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းမှာ ငွေညှစ်တယ်။ မရရင် ဖမ်းတယ်" လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

ဒေါနတောင်ပေါ် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် အစာရေစာ ပြတ်လပ်ပြီး အလံဖြူထောင် လက်နက်ချမှုများ ရှိလာ

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ ဒေါနတောင်ပေါ်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေ အစာရေစာ ငတ်ပြတ်မှုတွေ ရှိနေပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလံဖြူထောင် လက်နက်ချ အညံ့ခံတာတွေ ရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

လာမယ့် ရွေးကောက်ပွဲဟာ ကောင်းမွန်တဲ့ အရွေ့တစ်ခု ဟု ခင်ရီ ပြောသလို စစ်တပ်နှင့် ကျောချင်းကပ် ရင်ချင်းကပ် မဆောင်ရွက်နိုင်ရင် အဲဒီအစိုးရ ပြုတ်ကျမည်ဟု ဆိုပြန်

လာမယ့်အတုအယောင် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ်ဆိုရင် စစ်တပ်နဲ့ သဟဇာတဖြစ်တဲ့သူကို မဲပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာသေးခင်က ပြောဆိုခဲ့သလို စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ခင်ရီကလည်း အစိုးရသစ်ဟာ စစ်တပ်နဲ့ လက်မတွဲနိုင်ရင် ပြုတ်ကျလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နဲ့ (၉၀၂) တပ်စခန်းမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။