ရခိုင်ပြည်နယ် စစ်တွေ-ရန်ကုန် ကားလမ်းဘေးက ယောချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယောချောင်းတံတားအပါအဝင် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်က လေယာဥ်နဲ့ ၄ကြိမ်တိုင်တိုင် ဗုံးလာကြဲချတာဖြစ်ပြီး ဒေသခံတွေအဓိက အသုံးပြုနေတဲ့ ယောချောင်းတံတားလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

“အောက်တိုဘာလ ၁၂ရက်နေ့ ည ၆နာရီကျော်မှာ ၁ကြိမ် ဂျက်ဖိုက်တာလေယာဥ်နဲ့ လာကြဲချတာ။ ည၁၂နာရီမှာ ၃ကြိမ်ဆက်တိုက် ဗုံးကြဲချခဲ့တာဖြစ်တယ်” လို့ ယောချောင်းကျေးရွာနေ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

“ယောချောင်းတံတားက ဘေလီသံတံတားပဲ။ သစ်သားတွေနဲ့ ခင်းကျင်းထားတာကြောင့် ကားတွေကော လူတွေပါ ဖြတ်မရဖြစ်ပြီး ကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တောက်ကုန်တယ်”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က သူတို့ အရင်က စခန်းအထိုင်ချခဲ့တဲ့ နေရာဒေသတွေနဲ့ လူနေရပ်ကွက်ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုများလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ ယောချောင်းတံတား (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အရပ်ဝတ် စစ်သား ၂ ယောက်ကို PDF ထင်ပြီး ရဲက ဝင်ပစ်၊ နေရာမှာတင် ၂ ယောက်လုံး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အကြမ်းဖက်ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သားတွေ နေရာမှာတင် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

“လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်နဲ့ မြင်ရတဲ့ တောင်ပိုင်းစစ်ဒေသက PDF အထူးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တောင်ပိုင်းစစ်ဒေသ အထူးတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ (၁၀)ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာတန်းပါ တီရှပ်ကို ဝတ်ဆင်ကာ 16 Days of Activism မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံနှင့် နွားထိုးကြီးတွင် အကြမ်းဖက်စစ်ကြောင်းက ရွာများကို မီးရှို့ကာ အရပ်သား ၂၆ ဦးထက်မနည်း သတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂၆ယောက်ထက်မနည်း သတ်ဖြတ်ထားပြီး ကျေးရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စလင်းမှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ လာပြင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၈ ယောက် သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ ပြင်ဆင်ဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၈ ယောက်သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ချင်းနှင့် စစ်ကိုင်း စစ်မျက်နှာများတွင် စစ်တပ်ကို အဆင့်မြင့်နည်းပညာသုံး ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် AIF Myanmar 

အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့တန်းစခန်းနဲ့ ဒရုန်း Jammer တွေကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး (AIF Myanmar) က မနေ့က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

Sample Blogမူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။