အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အပေးအယူသဘောမျိုး လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။

မအလက လက်နက်တခုလိုအသုံးချဖို့ ခုချိန်မလိုက်နာသေးတာပါ။ သူလုပ်ချင်တဲ့ ရွေးကောက်ပွဲကို အသိမှတ်ပြုခံရဖို့ အပေးအယူလုပ်ဖို့ ရည်ရွယ် ထားပုံပါ။ သူ့ရဲ့ ရည်မှန်းချက်က ရွေးကောက်ပွဲကနေ ထွက်ပေါက်ရဖို့ ဘာမဆိုသူလုပ်ပါလိမ့်မယ်လို့မြန်မာ့အရေးလေ့သာသူတစ်ယောက်ဖြစ်သူဦးသိုက်စိုးကသူရဲ့ဆိုရှယ်မီဒီယာမှာရေးသားထားပါတယ်။

ဒါကြောင့် အာဆီယံ ဘုံသဘောတူညီချက်တွေကို လတ်တလောမှာ လိုက်နာဆောင်ရွက်ခြင်းမရှိသေးဘဲ စစ်ကောင်စီဘက်က လိုအပ်လာတဲ့အချိန်မှာ နိုင်ငံတကာနဲ့ အပေးအယူသဘောမျိုး ထုတ်သုံးလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

အာဆီယံကဘုံသဘောတူညီချက်၅ချက်ကိုဆွဲကိုင်ထားပြီးအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲဆိုတာထည့်သွင်းစဉ်းစားမှာမဟုတ်ဘဲ၊တွေ့ဆုံဆွေးနွေးမှုတွေကိုဖြစ်နိုင်ချေရှိတဲ့အဆင့်တွေကစတင်ပြီးနိုင်ငံတော်အဆင့်အထိတက်လှမ်းပြုလုပ်ဖို့အာဆီယံနိုင်ငံတွေကရည်ရွယ်ထားကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူဦးဘိုဘိုဦးကသုံးသပ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ  မြန်မာနိုင်ငံမှာ ဆိုးရွားနေတဲ့ ပြည်တွင်းစစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို  ရှာဖွေဖို့ မျှော်လင့်ထားပြီး စစ်တပ်က စီစဉ်တဲ့ ရွေးကောက်ပွဲမတိုင်မီ ထိတွေ့ဆက်ဆံမှု တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

(ဓာတ်ပုံ The Nation)

လာအိုနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးအတွင်း နှစ်ဖက်အကြမ်းဖက်တင်းမာမှုများ ရပ်ဆိုင်းရေး၊ မြန်မာပြည်သူများအကျိုးအတွက် သက်ဆိုင်သူများ ဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာရန်၊  အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်တစ်ဦး ခန့်အပ်၍ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ  စေ့စပ်ညှိနှိုင်းရန်၊ မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အာဆီယံသဘာဝဘေး အန္တာရာယ်စီမံခန့်ခွဲရေးတို့မှ အကူအညီပေးရန်တို့ကို အဓိက ဆုံးဖြတ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြည်တွင်းစစ် ပြဿနာတွေဟာ ရှုပ်ထွေးပြီး ပြေလည်အောင်လုပ်ဖို့အတွက် အချိန်ပေးဖို့လိုတယ်လို့ ဆွေးနွေးပွဲအပြီး အာဆီယံအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် Kao Kim Hourn ကလည်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီပေးပို့မှု အရှိန်မြှင့်ဖို့ မျှော်လင့်ပေမယ့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကြား အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ရေး အာဆီယံအဖွဲ့က ဆက်လက်ပြီး တွန်းအားပေးမယ်လို့လည်း ဆိုထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း အာဆီယံနိုင်ငံတွေကတော့ တိတိကျကျ ထည့်သွင်းပြောကြားသွားမှုမရှိသလို ရွေးကောက်ပွဲကို အသိအမှတ်ပြုမပြုကိုလည်း ထုတ်ပြန်ပြောဆိုသွားခြင်း မရှိပါဘူး။

အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက် ခွင့်မပေးဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တရားဝင် ထိတွေ့ဆက်ဆံဖို့ကိုလည်း  မြန်မာအရပ်ဖက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က အာဆီယံခေါင်းဆောင်တွေထံ  အိပ်ဖွင့်ပေးစာပေးပို့ထားခဲ့ပါသေးတယ်။

အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့အရေး ဖြေရှင်းဖို့ ပြီးခဲ့တဲ့  ၂၀၂၁ ဧပြီလမှာ မူဝါဒ ၅ ချက် ချမှတ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လိုက်နာအကောင်အထည်ဖော်ခြင်း မရှိခဲ့လို့ မထိရောက်တဲ့ မူဝါဒတွေသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတွေက ဝေဖန်ထောက်ပြထားကြပါတယ်။

0 Shares:
You May Also Like
Read More

ပြည်မြို့တွင် စစ်တပ်၏ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့မှာ အကြမ်းဖက်စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို မြို့ခံပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ကမ်ပိန်းလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီမှာ လုပ်ကိုင်နေသည့် ဝန်ထမ်းများ နေထိုင်ရာကျေးရွာအတွင်း “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားများ ကပ်ကာ လူထုလှုပ်ရှားမှု ပြုလုပ်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင်ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ နေထိုင်ရာ ကျေးရွာတစ်ရွာမှာ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားတွေကပ်ပြီး လူထုလှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ၅/ဆလက လူထုသပိတ်စစ်ကြောင်း ဖော်ဆောင်ရေးကွန်ရက်ဆီက သိရပါတယ်။
Read More

ထနောင်းကုန်းရွာ ပျူစောထီးအချင်းချင်း ပစ်သတ်ပြီး သေနတ်တစ်လက် ချန်ခဲ့

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာက ပျူစောထီးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက်သေဆုံးကာ လက်နက်တစ်လက်လည်း ချန်ခဲ့တယ်လို့ တောင်သာပကဖထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် စစ်သား ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်တပ်က စစ်သား ၄ ယောက် အလင်းဝင်လာခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာ - LL.S.B.F တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းလှ ပကဖ ပံ့သကူပစ်ရင်း ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ တစ်နိုင်ငံလုံးနည်းတူ တန်ဆောင်မုန်းလ မုန့်ဖိုးတွေ ပံ့သကူ ပစ်ရင်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာနှင့် ပုသိမ်ကြီးရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းအားလုံးကို MDY-PDF နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်ကြီး ၁ ဦးအပါ ၁၆ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်သားအလောင်း ၁၅ လောင်း သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။