မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကန်နီ ပျူစောထီးကျေးရွာ စစ်ဆင်ရေးအတွင်း ခမရ ၂၅၂ က စစ်ကောင်စီတပ်သား ၁ ယောက်လက်နက်နဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက စလို့ ကန်နီပျူစောထီးရွာကို ဒရုန်းသုံးပြီး Drop ဗုံးသီးတွေ ကြဲချခဲ့ရာ မွန်းလွဲပိုင်းမှာတော့ ကန်နီရွာမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားက လက်နက်နဲ့ အလင်းဝင်လာတာပါ။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ ၂၅၂ တပ်ရင်းက ဖြစ်ပြီး MA -3 တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ၅.၅၆ ကျည် ၂၂၈ တောင့်တို့နဲ့အတူ မြောက်ပိုင်းဇုန် မြိုင်ပကဖ ဆီ ချိတ်ဆက်အလင်းဝင်လာတယ်လို့ သိရပါတယ်။

အဲဒီ အလင်းဝင်တပ်သားကို မြိုင်မြို့နယ် ပကဖ ထံသို့ လွှဲပြောင်း ပေးခဲ့ပြီး ကန်နီရွာ စစ်ဆင်ရေးကိုတော့ MPL မြောက်ပိုင်းဇုန် မြိုင် ပကဖ၊ မြိုင် ပကဖ စုဖွဲ့မှုတပ်ရင်း () တပ်ခွဲ () ၊ မြိုင် ပကဖ တပ်ရင်း  () တပ်ခွဲ() တပ်ခွဲ () ၊မြေလတ်ဒေသ ပြောက်ကျား တပ်ဖွဲ့၊ ပခုက္ကူ ခရိုင်တပ်ရင်း (၁၇) Federal Star Done Force ၊ ဗမာ့ဒေါင်း ဒရုန်း တပ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ မြိုင် ပကဖ)
0 Shares:
You May Also Like
Read More

ဟန်ပြရွေးကောက်ပွဲ အပိုင်း (၁) ကို မြို့နယ် ၁၀၂ ခုမှာ ကျင်းပမယ်လို့ စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင် ကြေညာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း တိုက်ပွဲမှာ Earthqauke People’s Defence Force တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Earthqauke People's Defence Force က အားထားရတဲ့ တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့ရကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်မရှိသည့် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝ မလုပ်ရန် ပဲခူးတိုင်းစစ်ဌာန အမိန့်ထုတ်

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တွေအနေနဲ့ ကိုယ့်နယ်မြေအတွင်း မဟာမိတ်တွေကလွဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ မရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်ခံထားရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုံးဝ မလုပ်ကြဖို့ ပဲခူးတိုင်းစစ်ဌာနက ညွှန်ကြားလိုက်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သား (၁) ယောက်ကို ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခဲ့၊ စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၁) လုံးပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းတို့ကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရှိကာ အရပ်သား (၁) ယောက် ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့နွေဦးတော်လှန်ရေး (၄)နှစ်မြောက်အဖြစ် ပြုလုပ်တဲ့ La “RIVOLUZIONE DI PRIMAVERA”in Birmania Conference မှာ NUG လူ့အခွင့်အရေးဝန်ကြီး အွန်လိုင်းကနေ အမှာစကားပြော

အီတလီနိုင်ငံမှာ မြန်မာ့နွေဦးတော်လှန်ရေး (၄) နှစ်မြောက်အနေနဲ့ La “RIVOLUZIONE DI PRIMAVERA”in Birmania Conference ကို ဖေဖော်ဝါရီလ (၁) ရက်က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်တက်ရောက်ပြီး အမှာစကားပြောကြားခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပန်ဝါကို KIA က သိမ်းပိုက်လိုက်တာကြောင့် လိုင်ဇာအနီးကို စစ်ကောင်စီက ပြန်လည်ဗုံးကြဲတိုက်ခိုက်

ပန်၀ါဒေသကို KIA ကထိန်းချုပ်သိမ်းပိုက်လိုက်လို့ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးကို စစ်ကောင်စီက လေကြောင်းကနေပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။