ရေစကြိုမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၁ ရက် ညနေ ပိုင်းလောက်မှာ  ပခုက္ကူမြို့ကနေ ပခုက္ကူရေစကြိုလမ်းအတိုင်း ရေစကြိုမြို့နယ်၊ ဇီးကုန်းကျေးရွာဘက် ဝင်ရောက်နေတဲ့စစ်ကြောင်းအတွက် ထောက်ကူပေးဖို့ လိုက်လာတဲ့ ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ယောက်သေဆုံး ပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရမှုကြောင့်ဒဏ်ရာရရှိသွားတဲ့စစ်သား၅ယောက်ကိုပခုက္ကူဆေးရုံဆီသယ်ဆောင်သွားပြီးသေဆုံးသွားသောစစ်သား၃ယောက်ကိုပခုက္ကူမြို့ကသက်ဆိုင်ရာတပ်ရင်းအတွင်းသယ်ဆောင်သွားတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းစဉ် MA1 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်မြို့နယ်အတွင်း သံပုံးတီးသပိတ်ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် မနေ့ညပိုင်းက သံပုံးတီးသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ဗကသ ကျောင်းသားဟောင်းများ၊ သမိုင်းသစ် စစ်ဘေးသင့် ကူညီထောက်ပံ့ရေးအဖွဲ့က ပြည်သူလူထုနဲ့အတူပူးပေါင်းပြီး မိုးကုတ်မြို့နဲ့အတူ အရာတော်မြို့နယ်ရှိကြောင်း ပြသနေတဲ့အနေနဲ့ သံပုံးတီးသပိတ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ ဆင်ဖြူ ကျွန်းအနီးရှိ ဆုပ်လေဦးအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်တိုင်း မှော်ဘီလေတပ်စခန်းကို Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ မှော်ဘီလေတပ်စခန်းကို အောက်တိုဘာ ၉ ရက် ညပိုင်းအချိန်က Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း (ဗိုလ်ကောက်ရိုးအဖွဲ့) ထံက သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို အောက်တိုဘာ ၃ ရက်က Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်းထံက သိရပါတယ်။
Read More

မြင်းခြံတွင် အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြင်းခြံခရိုင် အမှတ် -၂ တပ်ရင်းက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ 
Read More

စက်ချို့ယွင်းနေသည့် စစ်ကောင်စီ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များ မီးရှို့ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စက်ချို့ယွင်းနေတဲ့ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ မီးရှို့ရှင်းလင်းခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။