မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၅၆ က ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြား အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ထံက သိရပါတယ်။

တိုက်ပွဲ ၁ နာရီကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၈ ယောက်သေကာ  MA-11 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ 5.56mm ကျည်၂၇၅တောင့်နဲ့ အီနာဂါဗုံးသီး ၁ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရကာ ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက် မနေ့က တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ ဇီးကုန်းကျေးရွာသို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်က ဘုန်းကြီး ၁ ပါးနဲ့ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘို-မြစ်ကြီးနား လမ်းမကြီးပေါ်မှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှာ အထိုင်ချထားတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Air Force One အဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူများ စိတ်ဓာတ်မကျဖို့ အားပေးစကား စာစောင်နှင့် ကဗျာတစ်ပုဒ် ဒရုန်းဖြင့် ကြဲချ ဝေငှ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ တော်လှန်ရေး ၄ နှစ်အတွင်း ပင်ပန်းနွမ်းလျ စိတ်ဓာတ်ကျနေခဲ့ရတဲ့ ပြည်သူတွေကို အားပေးစကားစာစောင်နဲ့ ကဗျာ ၁ ပုဒ် လိုက်လံဝေငှခဲ့တယ်လို့ Fight For Freedom တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားများကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၉ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၉ ယောက် သေဆုံးခဲ့တယ်လို့ Black Vote Fighter Local PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှု အရပ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောကျီးကန်း ၇ ကောင် တပ်ရင်းက ပထမဆုံးအကြိမ်အဖြစ် ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရင်း တောကျီးကန်း ၇ ကောင် တပ်ရင်းက ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် မြပုလဲစစ်ဆေးရေးဂိတ်ကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၈ ရက် မနေ့ညနေပိုင်းက ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) အဖွဲ့ထံက သိရပါတယ်။