မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရရှိခဲ့ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာပါတယ်။
မတ္တရာမှာ MDY-PDF ကသိမ်းယူထားတဲ့စစ်တပ်စခန်းတွေကိုပြန်လည်ရရှိဖို့စစ်ကောင်စီကကြိုးစားနေတာကြောင့်နေ့စဉ်နဲ့အမျှတိုက်ပွဲဖြစ်ပွါးနေတယ်လို့သိရပါတယ်။
စစ်ကောင်စီဟာလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေရုံသာမကမြေပြင်စစ်ကြောင်းတွေကိုပါအသုံးပြုပြီးသူတို့ရဲ့စခန်းတွေပြန်လည်ရရှိရေးအတွက်တန်ပြန်ထိုးစစ်ဆင်နေတာပါ။
ဒါပေမယ့် သိမ်းယူထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) က အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်ပြီး မတ္တရာမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာလည်း လက်နက်ခဲယမ်းတွေနဲ့ ရန်သူ့အလောင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ မတ္တရာမြို့နယ် တိုက်ပွဲတွေအတွင်း စစ်ရေးပစ်မှတ်တွေကိုသာမက အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားအလောင်းများ (ဓာတ်ပုံ MDY-PDF)