မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကြားက အထည်ချုပ်စက်ရုံ အလုပ်သမ ၁ ယောက်ရဲ့ဘဝအခြေအနေတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်မော်နိုင် ရဲ့ MA Cry of silence ရုပ်ရှင်ကားဟာ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဆုကို အောက်တိုဘာလ ၁၁ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပတဲ့ ၂၉ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ရရှိခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းကာလ မြို့ပြကို ပြောင်းရွှေ့ပြီး အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးငယ် ၁ ယောက်ရဲ့ နိုင်ငံရေး ပဋိပက္ခအခြေအနေတွေကြားက ရုန်းကန်ရင်ဆိုင်ရတဲ့ အခြေနေတွေကို ရိုက်ကူးထားတဲ့ MA — Cry of silence ရုပ်ရှင်ကို ကိုရီးယား၊ စင်ကာပူ၊ ပြင်သစ်၊ နော်ဝေးနဲ့ ကာတာတို့က ပူးပေါင်းထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။

ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ Ma – Cry of Silence ရုပ်ရှင် ပိုစတာ (ဓာတ်ပုံ The Maw Naing’s Facebook Page)

ကျတော်တို့ဇာတ်ကား ‘MA Cry Of Silence’ ဟာ ၂၉ ကြိမ်မြောက် ဘူဆန်းနိုင်ငံတကာရုပ်ရှင်ပွဲမှာ New Current ဆုကို လက်ခံရရှိပါတယ်။ အဖွဲ့သားအားလုံးအတွက် ဂုဏ်ယူပါတယ်။ ကျတော်တို့ တတွေ ၇ နှစ်ကြာ လုပ်ဆောင်ထားသော ဇာတ်ကားပါ။ ၀မ်းမြောက်ပါတယ်လို့လည်း သည်မော်နိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Yangon Flim School ထွက် ဒါရိုက်တာ သည်မော်နိုင်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ရိုမေးနီးယားနိုင်ငံမှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ The Monk ရုပ်ရှင်နဲ့ ပွဲဦးထွက်အောင်မြင်မှုရခဲ့ဖူးသူ ဖြစ်ပါတယ်။

ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ Ma – Cry of Silence ရုပ်ရှင် ပိုစတာ (ဓာတ်ပုံ The Maw Naing’s Facebook Page)

မြန်မာနိုင်ငံမှာ ရေပန်းစားတဲ့  ရုပ်ရှင်ပုံစံတွေနဲ့ ကွဲထွက်ပြီး အယူအဆပိုင်းဆိုင်ရာ၊ စိတ်ကူးစိတ်သန်း ကွဲပြားတဲ့ ရိုက်ချက်တွေနဲ့ ဒါရိုက်တာ သည်မော်နိုင်ဟာ နာမည်ရခဲ့သူလို့လည်း နိုင်ငံတကာရုပ်ရှင်အသိုင်းဝိုင်းနဲ့ နီးစပ်သူတွေက မှတ်ချက်ပေးကြပါတယ်။

ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ Ma – Cry of Silence ရုပ်ရှင် ပိုစတာ (ဓာတ်ပုံ The Maw Naing’s Facebook Page)
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် စတင်၊ မတ်လ ၄ ရက်နေ့တွင် ပူတင်နှင့် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်အဖြစ် ဒီနေ့ မတ်လ ၃ ရက်မှာ နေပြည်တော်လေဆိပ်ကနေထွက်ခွါသွားပြီ ဖြစ်ပါတယ်။
Read More

မြန်မာနဲ့ ရေဘေးဆိုင်ရာ ဆွေးနွေးပွဲလုပ်မယ်လို့ ထိုင်းပြော၊ မယ်ဆိုင်မြစ်ကမ်းဘေး နေထိုင်သူတွေ မြေသိမ်းခံရနိုင်

ထိုင်းနိုင်ငံ၊ ချင်းရိုင်ရဲ့ မယ်ဆိုင်ခရိုင်မှာ ရေကြီးရေလျှံမှု အခြေအနေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် မယ်ဆိုင်မြစ်ကြောင်းတလျှောက် တရားမဝင် ကျူးကျော်အိမ်ရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရက မြန်မာ(စစ်ကောင်စီ)နဲ့ ဆွေးနွေးသွားမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုထားပါတယ်။
Read More

ရွှေ့ပြောင်းလုပ်သားချင်းတူပေမယ့် ပိုမိုဖိနှိပ်ခံနေရသော မြန်မာလုပ်သားများ

ထိုင်းနိုင်ငံ၊ Nong Bua ဒေသအတွင်းက ကျေးရွာတွေမှာ မြန်မာနိုင်ငံသားတွေကို ည ၉ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရဆိုတဲ့ စည်းကမ်းအပါအဝင် တခြား စည်းမျဥ်းစည်းကမ်းတွေပါဝင်တဲ့ စာရွက်တွေကို ဖြန့်ဝေနေပြီး ဖိနှိပ်မှုတွေ ပြုလုပ်နေတယ်လို့ အဲဒီဒေသအတွင်း နေထိုင်တဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေထံက သိရပါတယ်။
Read More

ကိုးကန့်သူဌေး မြီမိသားစုဝင်များအပါအဝင် ၁၁ ဦးကို တရုတ်တရားရုံး သေဒဏ် အမိန့်ချ၊ အခြား ၅ ဦးကို ၂ နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် ဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ယောက်ကို တရုတ်က သေဒဏ် ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကြောင့် ဆိုးရွားနေသည့် မြန်မာနိုင်ငံ၏ အခြေအနေများကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရှင်းလင်းတင်ပြခဲ့

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်စွက်ဖက်နေမှု ရပ်တန့်ပေးရန် ဆိုးလ်မြို့တွင် ဆန္ဒပြ

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်နေမှုကို အလိုမရှိကြောင်း တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။