စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အောက်တိုဘာ ၈ရက်နေ့မှာ တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သြဂုတ်လ ၁၅ရက်နေ့ကစတင်ခဲ့တဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေ၊ သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူတွေနဲ့လက်နက်ချအလင်းဝင်သူတွေ ရာနဲ့ချီရှိခဲ့ပါတယ်။

အဲ့ဒီလို သိမ်းပိုက်ရရှိခဲ့တဲ့ မြို့သိမ်းတိုက်ပွဲထဲမှာ စစ်ကောင်စီတပ်ဘက်က မူးယစ်ဆေးစွဲနေသူတွေ၊ စိတ်ပိုင်းဆိုင်ရာပြိုလဲပြီး သွေးရူးသွေးတန်းဖြစ်နေသူတွေ အများအပြားရှိတယ်လို့လည်း သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေထဲမှာ မြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်သတ္တပတ် ၂ခုအကြာ စစ်ကူရောက်ရှိလာတဲ့ စစ်ကြောင်းနဲ့ မြို့သိမ်းတိုက်ပွဲအပြီး ဆုတ်ခွာခွင့်ပြုလိုက်တဲ့ထဲက ထွက်ပြေးလာသူတွေလည်းရှိတယ်လို့ အမှတ်၁ စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နဲ့ စစ်ကိုင်းတိုင်းပကဖ တာဝန်ခံဖြစ်သူ ကိုသြဇာက မောင်းကိုပြောပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအပြီး MOD (NUG) က ထုတ်ပြန်ခဲ့တဲ့ ပုံရိပ်များ

ရက်သတ္တပတ် ၂ခုလောက်မှာ စစ်ကောင်စီက ဒုတိယစစ်ကူလာပါတယ်။ အဲ့မှာ ကျနော်တို့နဲ့ထိတွေ့မှုဖြစ်ပြီးမကြာဘူး။ စစ်​​ကြောင်းမှူး၊ဒုရင်းမှူးတွေနဲ့အတူကျန်တဲ့၈၀ကျော်လက်နက်ချကြပါတယ်။မြို့သိမ်းတဲ့အခါမှာလည်းဆုတ်ခွာခွင့်ပြုလိုက်တဲ့စစ်ကြောင်းထဲကနေပြန်ထွက်ပြေးလာပြီးအလင်းဝင်လာတာတွေလည်းရှိပါတယ်။

ဖမ်းမိတဲ့သူတွေထဲ မူးယစ်ဆေးစွဲနေတာတွေလည်းရှိတယ်။ စိတ်ပိုင်းဆိုင်ရာပြိုလဲနေကြသလို သွေးရူးသွေးတန်းဖြစ်နေကြတယ်ပေါ့လို့  အမှတ်၁ စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နဲ့ စစ်ကိုင်းတိုင်းပကဖ တာဝန်ခံဖြစ်သူ ကိုသြဇာက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အယောက် ၇၀ယောက်နီးပါး သေဆုံးပြီး ပျောက်ဆုံးနေသူ ၂၇၅ယောက်အထိရှိကာ ထိခိုက်ဒဏ်ရာရသူလည်း ၂၂၅ယောက် (၆၀ စိုးရိမ်ရ) ရှိခဲ့ပါတယ်။

သေဆုံးဒဏ်ရာရသူတွေအပြင် အလင်းဝင်ရောက်လာသူ ၄၈ယောက်ရှိပြီး စစ်သုံ့ပန်း ၁၀၂ ယောက်ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ NUG ကထုတ်ပြန်ပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအပြီး MOD (NUG) က ထုတ်ပြန်ခဲ့တဲ့ ပုံရိပ်များ
ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအပြီး MOD (NUG) က ထုတ်ပြန်ခဲ့တဲ့ ပုံရိပ်များ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဓိက အခြေပြုနေတဲ့ရဲစခန်းအတွင်းကနေပဲ ဘိန်းမဲအထုပ် (၁၈) ထုပ် (ခန့်မှန်း ၁ ပိဿာထုပ်)၊ ဘိန်းဖြူ(ဆပ်ပြာခွက်) (၁၃၅၂) ခုနဲ့ ဘိန်းဖြူ (အထုပ်သေး) (၁၂၈၅) ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အမြားနဲ့ ဆက်စပ် ပစ္စည်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

စစ်ကောင်စီကလည်း ပင်လည်ဘူးမြို့ မကျစေရေးအတွက် လေကြောင်းကနေ စစ်ကူတွေပို့ဆောင်ပေးခဲ့တဲ့အပြင် ဗုံးသီးပေါင်း ၅ထောင်ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြို့ကတော့ တော်တော်များများကို ထိခိုက်ပျက်စီးသွားပါတယ်။  ဗုံးအလုံးရေ ၅ထောင်ကျော်ကြဲချတယ်ဆိုတော့ ဘယ်လောက်ပျက်စီးမလဲ တွေးကြည့်တာနဲ့တင် သိနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ သူတို့တွေမြို့ထဲတပ်စွဲနေလို့ ကျနော်တို့တပ်တွေ ဝင်တိုက်တဲ့အခါမှာ နောက်တစ်ခါထပ်မတိုက်နိုင်အောင် အိမ်တွေကို ဘူဒိုဇာနဲ့ ထိုးတာတွေရှိတယ်။ မီးရှို့တာတွေရှိတယ်။ အဖိုးတန်ပစ္စည်းတွေယူတာ၊ သက်သေဖျောက်တဲ့အနေနဲ့ ဖျက်ဆီးတာတွေလုပ်ကြတယ်။ ဒါကြောင့် မြို့က အတော်လေးပျက်စီးခဲ့ပါတယ်။လို့ အမှတ်၁ စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နဲ့ စစ်ကိုင်းတိုင်းပကဖ တာဝန်ခံဖြစ်သူ ကိုသြဇာက  မောင်းကို ပြောပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအပြီး MOD (NUG) က ထုတ်ပြန်ခဲ့တဲ့ ပုံရိပ်များ

ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် () စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူးရဲ့ကွပ်ကဲမှုနဲ့အတူ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေက (၅၄) ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ တော်လှန်ရေးကာလ ၃နှစ်တာအတွင်း ပင်လည်ဘူးကို ၅ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ပြီး အပြီးသတ်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့တွေနဲ့ဆက်စပ်နေပြီး ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ မဟာဗျူဟာကျကျရှိနေတဲ့  ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့ ခံစစ်လိုင်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး PDF တပ်မတော်ရဲ့ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့တာဖြစ်တယ်လို့ NUG ကပြောပါတယ်။

ဒါ့အပြင် မြေပြန့်ဒေသမှာ ထုအင်အားနဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့ အရေးကြီးတဲ့အောင်ပွဲကို ရယူနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအပြီး MOD (NUG) က ထုတ်ပြန်ခဲ့တဲ့ ပုံရိပ်များ
ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲအပြီး MOD (NUG) က ထုတ်ပြန်ခဲ့တဲ့ ပုံရိပ်များ
0 Shares:
You May Also Like
Read More

သီပေါမြို့အဝင် မုခ်ဦးကို သျှမ်းအလံတော်မှ တအန်းအလံသို့ TNLA က ပြောင်းလဲလိုက်မှုအပေါ် ကန့်ကွက်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂ ထုတ်ပြန် 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်က သျှမ်းအလံတော်နဲ့ သျှမ်းဘာသာစကားတို့ပါရှိတဲ့ မြို့အဝင် မုခ်ဦးကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တအန်းအမျိုးသားအလံ ပုံစံနဲ့အရောင်တို့ကို အစားထိုးပြီး သျှမ်းစာရေးထိုးထားတာတွေကို ဖျက်ဆီးထားမှုအပေါ် ကန့်ကွက်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂက ထုတ်ပြန်လာပါတယ်။  
Read More

ရန်ကုန်တိုင်းစစ်ဌာနလက်အောက် ပထမဆုံး ဖွဲ့စည်းခဲ့သည့် တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်ပြီ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန​ရဲ့ လမ်းညွှန်မှုအောက်မှာ ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန​ရဲ့ ပထမဆုံးတပ်ရင်း ဖြစ်တဲ့ ရန်ကုန်တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်တာ ၂ နှစ်ပြည့်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ပေါက်နှင့် မြိုင်အစပ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်တွေ တစ်ရက်တည်း ၂ ကြိမ် တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၃ ယောက် သေ၊ ၁၃ ယောက် ထိခိုက်ပြီး TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံလည်း ကျဆုံးခဲ့ရ

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Read More

ယင်းမာပင် ပကဖ ရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြိုတိုက်ခိုက်ခံရ​၊ ၆ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ပဲခူးတိုင်းအစပ်က စစ်ရှောင်ကျေးရွာတွေကို ဖောက်ထွင်းပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၆ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆင်မြီးဆွဲမြို့ စိုက်ပျိုးရေးစခန်းမှာ တပ်ဆွဲနေသည့် စစ်ကောင်စီတပ်သားများ ဝင်ရောက်တိုက်ခိုက်ခံရပြီး သေဆုံးမှုများ ရှိ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့က စစ်ကောင်စီတပ်သားတွေ တပ်ဆွဲနေတဲ့ စိုက်ပျိုးရေးစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။