စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က တရားဝင်သတင်းထုတ်ပြန်လာပါတယ်။
ပင်လည်ဘူးမြို့ကိုပြည်သူ့ကာကွယ်ရေး(PDF)
ပူးပေါင်းတပ်တွေက သြဂုတ်လ ၁၅ရက်နေ့ကစစတင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၈ရက်နေ့မှာ အပြီးသတ်ရရှိခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အယောက် ၇၀ယောက်နီးပါး သေဆုံးပြီး ပျောက်ဆုံးနေသူ အယောက်၂၇၅ ယောက်အထိရှိကာ ထိခိုက်ဒဏ်ရာရနေသူ ၂၂၅ ယောက်(၆၀ စိုးရိမ်ရ) ရှိတယ်လို့သိရပါတယ်။
သေဆုံးဒဏ်ရာရသူတွေအပြင် အလင်းဝင်ရောက်လာသူ ၄၈ ယောက်ရှိပြီး စစ်သုံ့ပန်း ၁၀၂ ယောက်ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း မူးယစ်ဆေးစွဲနေကြပြီး အဓိက အခြေပြုနေတဲ့ရဲစခန်းအတွင်းကနေပဲ ဘိန်းမဲအထုပ် (၁၈) ထုပ် (ခန့်မှန်း ၁ ပိဿာထုပ်)၊ ဘိန်းဖြူ(ဆပ်ပြာခွက်) (၁၃၅၂) ခုနဲ့ဘိန်းဖြူ (အထုပ်သေး) (၁၂၈၅) ခုတို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဆီ​က လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အမြားနဲ့ ဆက်စပ် ပစ္စည်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပင်လည်ဘူးမြို့မကျဆုံးစေရေးအတွက် ယခင်အခြေချနေတဲ့ အင်အားအပြင် ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅) ၊ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)တပ်ရင်းတွေနဲ့ ရဲ ၊ SNA တပ်မဟာ-၆၁၄ တို့က ပူးပေါင်းအင်အား ၇၇၂ယောက်အထိကို လေကြောင်းကနေMi-17 လေယာဥ်နဲ့ ၂၁ ကြိမ် တပ်ကူပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီက ပင်လည်ဘူးမြို့ပေါ်ကို Y-8/ 12၊ Yak-130/ Mig-29/ FTC-2000G/ K-8W၊ Mi-2/ 17/ 35၊ ကင်းထောက်လေယာဉ်တွေနဲ့ အကြိမ်ရေ (၆၇၀) ကျော်၊ ဗုံးသီး အလုံးရေ (၅၀၀၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။
ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ရဲ့ကွပ်ကဲမှုနဲ့အတူ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေက (၅၄) ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ တော်လှန်ရေးကာလ ၃ နှစ်တာအတွင်း ပင်လယ်ဘူးမြို့ကို ၅ ကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်ပြီး အပြီးသတ်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့တွေနဲ့ဆက်စပ်နေပြီး ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ မဟာဗျူဟာကျကျရှိနေတဲ့ ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့ ခံစစ်လိုင်းတခုကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး PDF တပ်မတော်ရဲ့ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့တာဖြစ်တယ်လို့ NUG ကဆိုပါတယ်။
ဒါ့အပြင်မြေပြန့်ဒေသမှာ ထုအင်အား နဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့ အရေးကြီးတဲ့ အောင်ပွဲကို ရယူနိုင်ခဲ့တာလို့လည်း ပြောပါတယ်။
စစ်ဆင်ရေးတွေထဲ မဆုတ်မနစ်တဲ့ ဇွဲသတ္တိနဲ့ အသက်၊ ခန္ဓာကိုယ်တွေ ပေးဆပ်စွန့်လွှတ်သွားတဲ့ ပြည်သူ့တော်လှန်ရေး ရဲဘော်တွေကို ဂုဏ်ပြုဦးညွှတ်ပြီး အခုအောင်ပွဲကနေ ရရှိလာတဲ့ အောင်စိတ်တွေကို တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက် ကြိုးပမ်းအားထုတ်သွားမယ်လို့လည်း NUG က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရသူ လူငယ် ၂ ဦး ဟုမ္မလင်းမြို့နယ် (ပကဖ) ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော် PDF တပ်ရင်း ၈၀၅ က ရဲဘော် ၉၀ ဦးအတွက် ကျည်ကာအစုံ ၉၀ ဝယ်ယူတပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထနောင်းစစ်ကြောင်း၊ နေပြည်တော် PDF တပ်ရင်း ၈၀၅ က ရဲဘော် အယောက် (၉၀) အတွက် တိုက်ပွဲဝင်ဖို့ ကျည်ကာတွေ ဝယ်ယူပြီးစီးကြောင်း ဓာတ်ပုံတွေနဲ့အတူ အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မန္တလေးတွင် Bluetooth Speaker Box အားသွင်းရာမှ မီးလောင်ပြီး နေအိမ် ၈ လုံး ပျက်စီး

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ ၇၁လမ်း နဲ့ ၇၂လမ်း ကြားမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၈လုံး မီးလောင်ပျက်စီးသွားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
Read More

AA အပစ်ရပ်ထားစဉ် ရခိုင်၊ ပဲခူးနှင့် ဧရာ၀တီတိုင်းက AA တပ်ဖွဲ့ဝင်များရှိရာကို စစ်ကောင်စီ နေ့စဉ်တိုက်ခိုက်နေ၊ အပစ်ရပ်မတိုင်မီ ညောင်ကျိုးဗျူဟာစခန်းကို AA သိမ်းပိုက်နိုင်ခဲ့

အာရက္ခတပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်လတာ အပစ်အခတ်ရပ်နားထားစဉ် အာဏာသိမ်းစစ်ကောင်စီက တစ်ဖက်သတ်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ငလျင်အတွက် NUG Public affairs hotline ကနေ ဝန်ဆောင်မှုပေးနေဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၅ ဦး သေ

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ် ၃၁၉ မိုင်မှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့  ပြည်သူ့ကာကွယ်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။